DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ ထိရောက်ဖို့ ပြည်သူတွေ စောင့်ကြည့်ရန် လို
DVB
·
June 8, 2014
ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေ ထိရောက်ဖို့ ပြည်သူတွေ စောင့်ကြည့်ရန် လို
Donate to DVB

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ကို ဖယ်ရှားပြီးတဲ့နောက် ကမ္ဘာ့ဘဏ်ရဲ့အကူအညီတွေ ရရှိလာပေမယ့် တစ်ကယ်တမ်းထိရောက်ဖို့အတွက် ပြည်သူတွေကလည်း စောင့်ကြည့်ဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေကိုလေ့လာနေတဲ့ Burma Partnership ရဲ့ ညိနှိုင်းရေးမှူး ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

World-Bankကမ္ဘာ့ဘဏ်ရဲ့ အကူအညီတွေကြောင့် တစ်ချို့နိုင်ငံတွေမှာ မြေသိမ်းတဲ့ ကိစ္စလို မတရားမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ကူညီထောက်ပံ့မှုတွေမှာ ကျင့်ဝတ်နဲ့ စည်းမျဉ်းတွေပါပေမယ့် တကယ်တမ်း ထိရောက်ဖို့အတွက်ကတော့ ပြည်သူတွေကလည်း စောင့်ကြည့်နေဖို့လိုတဲ့အကြောင်း သူက အခုလို ပြောပါတယ်။

“ကျမတို့ကတော့ ဆက်ပြီးတော့ တိုက်တွန်းသွားမယ်။ အခု အရပ်ဖက်အဖွဲ့အစည်းတွေ ကြားထဲမှာ ပြည်သူတွေရဲ့အခြေအနေတွေကို သိတဲ့သူတွေ အားလုံးက ကမ္ဘာ့ဘဏ်ကို မကြားချင်လည်း ကြားအောင် ပြောရမှာပဲ။ တခါတလေ ကျမတို့တွေ့ရတဲ့ အခက်အခဲက ကမ္ဘာ့ဘဏ်တို့ ဘာတို့က သူတို့ လုပ်တဲ့ စီမံကိန်းတွေကို အောင်မြင်တယ်လို့ နာမည်ယူချင်တယ်။ ဒါပေမယ့် ကျမတို့ သူတို့ကိုသိစေချင်တာက သူတို့လုပ်ငန်းတွေ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာဟာ သူတို့က သူတို့ဘာသူတို့ သတ်မှတ်ပြီး ပြောတာထက်စာရင် ကျမတို့ ပြည်သူကနေ ပြောမှပဲ ပိုပြီးတော့မှ သေချာမယ် မှန်ကန်မယ်လို့ ထင်တယ်လေ။ အဲဒီတော့ ကျမတို့ ပြည်သူက ဒီစီမံကိန်းတွေ ပတ်သက်ပြီးတော့မှ ဘာတွေလဲဆိုတာ သိလာရအောင် ကျမတို့ကလည်း လုပ်ဖို့ တာဝန်ရှိတယ်။”

မကြာသေးခင်က မြန်မာနိုင်ငံက FMI Group နဲ့ ရှန်ဂရီလာ အုပ်စုရဲ့ ဟိုတယ်နဲ့ အဆင့်မြင့်လူနေအိမ်ရာတွေအတွက် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ဒေါ်လာ သန်း ၂၀၀ လောက်ချေးမယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ မန်နေဂျာ Mr.Kanthan Shankar က အခုလိုပြောပါတယ်။

“ကျနော်ပြောနိုင်တာက မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ပေးရာရောက်တယ်လို့ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီလိုလုပ်ခဲ့ပြီး အကြီးစားငွေကြေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး သူတို့က တဆင့် လုပ်ငန်းအသေးတွေကို ဆက်လက်မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးနဲ့ အသေးစားငွေကြေးလုပ်ငန်းတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးတွေ့ရတယ် လို့လည်း သူက ဆက်ပြောပါတယ်။

Burma Partnership က ဒေါ်ခင်ဥမ္မာကတော့ ငွေကြေးအမြတ်အစွန်းအတွက် အလုပ်လုပ်တဲ့ ဘဏ်လုပ်ငန်းအဖို့ အခုလို ကုမ္ပဏီကြီးတွေကိုပဲ ငွေချေးတယ်ဆိုတာ မဆန်းပါဘူး လို့ပြောပါတယ်။

နိုင်ငံတကာငွေကြေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ IFC ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ အထောက်အကူပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ဝင်ရောက် လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013