DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့်ချောင်းဦးတို့တွင် စစ်တပ်က နေအိမ် ၁၇၀ ကျော်မီးရှို့ပြီး ဒေသခံ ၄ ဦးကို သတ်ဖြတ်
DVB
·
March 4, 2023
ယင်းမာပင်နှင့်ချောင်းဦးတို့တွင် စစ်တပ်က နေအိမ် ၁၇၀ ကျော်မီးရှို့ပြီး ဒေသခံ ၄ ဦးကို သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်နှုံးရွာထဲကို စစ်ကောင်စီတပ်က မတ် ၃ ရက်‌နေ့ နေ့လယ် ၂ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး စိတ်မနှံ့သူတဦးအပါဝင် အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အသတ်ခံရတဲ့ ဒေသခံအလောင်းတွေကို စစ်ကောင်စီထွက်သွားပြီးနောက် ဒီနေ့ မတ် ၄ ရက် မနက် ၇ နာရီလောက် ရွာသားတွေ ရွာထဲပြန်ဝင်ရောက်မှ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“သူတို့က ယင်းမာပင်ဘက်ကနေ လေးရွာ-ရွာထောင်ရွာကနေ ရွာသာယာရွာကို မနေ့ မတ် ၃ ရက်နေ့ မနက်ကနေ စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းစထိုးလာတယ်ဗျ။ အဲဒီရွာသာယာနဲ့ ပြန်လှည့်ရွာကြားက လယ်ကွင်းတွေထဲက ဖြတ်ပြီး ကျွဲကျတောတိုက်ဘက်ကို စစ်ကြောင်းတက်လာတယ်။ ကျွဲကျတောတိုက်ကနေ ကျနော်တို့ မြောက်နှုံးရွာကို နေ့ခင်း ၂ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတယ်။ သူတို့အဲလိုဝင်လာတော့ ဒေသခံတွေ အကုန်ထွက်ပြေးရတယ်ဗျ။ ညပိုင်း ၇ နာရီလောက်‌ ရောက်တော့ ရွာကို မီးရှို့တော့တာပဲ။ ဘာကြောင့် အခုလိုရွာကို မီးရှို့တာလဲဆိုတာကတော့မသိရဘူးဗျ” လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ မြောက်နှုံးရွာကို စစ်ကောင်တပ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁ဝ၀ ကျော်နဲ့ လယ်ယာသုံးပစ္စည်းတွေ၊ လယ်ထွန်စက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ မီလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့တာဝန်ရှိသူက “ဒီနေ့ မတ်လ ၄ ရက်နေ့ မနက်ခင်းအ‌စောပိုင်းမှာ သူတို့ထွက်သွားပြီး ကျနော်တို့ ဒေသခံရွာသားတွေနဲ့ ရွာထဲ ဝင်ရှင်းလင်းရေးလုပ်တော့ မီးလောင်နေတဲ့ အိမ်တွေရယ်၊ ဘုန်ကြီးကျောင်းအတွင်းက ပရဟိတနာရေးကူညီမှုကားထဲကို အရပ်သားတဦးထည့်ပြီး မီးရှို့သတ်ထားခဲ့တဲ့ အလောင်းတလောင်းရယ်၊ ရွာအရှေ့ပိုင်းမှာ ရိုက်သတ်ထားခဲ့တဲ့ အလောင်းတလောင်းရယ် ကျနော်တို့ တွေခဲ့ရတယ်ဗျ။ ရွာအရှေ့ပိုင်းက တွေခဲ့တဲ့ အလောင်းကတော့ စိတ်ဝေဒနာသည် တဦးပါဗျ။ သူအမည်က ကိုဖိုးနီ၊ အသက်က ၄၅ ပတ်ဝန်းကျင်လောက်ဖြစ်မယ်ဗျ။ နောက်နာရေးကားထဲမှာထည့်ပြီး မီးရှို့တဲ့အလောင်းကတော့ ရုပ်က မီးလောင်ပြီး ရုပ်မပီတော့တာကြောင့် ဘယ်သူ၊ ဘယ်ဝါဆိုတာ အတည်ပြုလို့မရဘူးဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်နှုံးရွာကို မီးရှို့သတ်ဖြတ်တာတွေလုပ်ဆောင်ပြီး ရွာရဲ့ အရှေ့မြောက်ဘက် သပြေအရွာဘက် စစ်ကြောင်းထိုးသွားတာကြောင့် စစ်ကြောင်းဦးတည်ရာ လမ်းက သပြေအေးရွာနဲ့ အိုးဘိုရွာဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်တပ်က မတ် ၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၇၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်မွန်ရွာခံတဦးက “မနက်ကနေရှို့တာ တနေကုန်ပဲ။ ညအထိလောင်နေတုန်းပဲ။ လက်ရှိအ‌ ခြေအနေကတော့ မီးငြှိမ်းဖို့ မဖြစ်နိုင်သေးဘူး၊ ခန့်မှန်းရသ‌လောက်အိမ်ခြေ ၇၀ နီုးပါး မီးလောင်ပြာကျသွားပါပြီ" လို့ ပြောပါတယ်။

စစ်တပ်က လူနေအိမ်‌တွေကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ကျေးရွာအတွင်း ပိတ်မိနေသူတွေထဲက အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ယောက်နဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ၁ ယောက် ထိခိုက်သေဆုံးပြီး အမျိုးသား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသူ ထောင်ချီရှိနေပြီး ရွာသူရွာသားတွေအတွက် လုံခြုံမှု မရှိဘူးလို့ ‌Khinmon Revolution 1.0 အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ PDF တွေကို ရှာဖွေတယ်ဆိုပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ရွာထဲ ကျန်ခဲ့တဲ့သူတွေကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013