
အမေရိကန်၊ ယူကရိန်းတို့နဲ့ ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောတူခဲ့ပါတယ်။
အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ယူကရိန်းနဲ့ ဆွေးနွေးပွဲကို လာမဲ့လမှာ အမြန်ဆုံးလုပ်ဖို့ ပူတင်က သဘောတူခဲ့တာလို ရုရှားနိုင်ငံ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။
ပူတင်ဟာ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ်ဝတ်ကော့နဲ့ တွေ့ဆုံပြီးနောက် အခုလို ထုတ်ပြန်ခဲ့တာပါ။ ရုရှား-ယူကရိန်း စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှုအများဆုံး စစ်ပွဲဖြစ်ပြီး ဒီစစ်ပွဲရပ်တန့်ဖို့ အမေရိကန်က ဝတ်ကောကို စေလွှတ် ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဝတ်ကော့နဲ့ ပူတင်တို့ဟာ စိန့်ပီတာစဘတ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှု ၉ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ဟာ မဲဆွယ်ကာလက သူ ရွေးခံရမယ်ဆိုရင် ၂၄ နာရီအတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ပေးမယ်လို့ ကတိပေးခဲ့ပြီး ၂ နှစ်အကြာ နောက်ဆုံးဆွေးနွေးမှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
၃ ပွင့်ဆိုင် တွေ့ဆုံမှုအသစ်က အဘူဒါဘီမှာ ပြုလုပ်ဖွယ်ရှိပြီး စစ်ပွဲအဆုံးသတ်ပြီးနောက် ယူကရိန်းနဲ့ ရုရှားတို့ရဲ့ လုံခြုံရေးအာမခံချက်ကို ဘယ်လိုအာမခံမလဲ ဆိုတာကိုလည်း အာရုံစိုက်သွားဖွယ်ရှိတယ်လို့ ရုရှားက ပြောထားပါတယ်။
၃ ပွင့်ဆိုင်တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၀ ရက်ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမေရိကန်က စေ့စပ်ညှိနှိုင်းပေးတဲ့ နောက်ဆုံး ဆွေးနွေးပွဲကို အီရန်စစ်ပွဲမတိုင်မီ ဖေဖော်ဝါရီတုန်းက နောက်ဆုံးပြုလုပ်ခဲ့ဖူးပါတယ်။
Source: Reuters











