DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ၏ အခွင့်အရေးတွေကို ကာကွယ်ပေးရန် ကုလသမဂ္ဂကို အဖွဲ့အစည်း ၁၆၀ ကျော် တောင်းဆို
DVB
·
March 2, 2023
မြန်မာပြည်သူများ၏ အခွင့်အရေးတွေကို ကာကွယ်ပေးရန် ကုလသမဂ္ဂကို အဖွဲ့အစည်း ၁၆၀ ကျော် တောင်းဆို
Donate to DVB

မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့နဲ့ တရားမျှတမှုရရှိစေရေး ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကနေ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ကို မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၆၀ က အိတ်ဖွင့်ပေးစာ ပို့ပြီး တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးရမယ့် အရေးကြီး အစီအစဉ် တခုအဖြစ် အသိအမှတ်ပြုတဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့  UNHRC ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ဒါဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေရဲ့ ပြင်းထန်ဆိုးရွားတာကို လုံလုံလောက်လောက် မထင်ဟပ်တာ၊ မဖြေရှင်းနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

UNHRC အနေနဲ့ လာမယ့် ၅၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သူတို့ရဲ့ စိတ်ဆန္ဒကို ထင်ဟပ်တဲ့၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ယန္တရားတွေနဲ့ လမ်းကြောင်းအားလုံးကို ရှာဖွေဖို့ အနှစ်သာရရှိပြီး ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ မှန်ကန်အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်ပေမယ့် IIMM ဟာ တရားစွဲဆိုဖို့ လုပ်ပိုင်ခွင့်အာဏာ မရှိသလို လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအားလုံးအပေါ် စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာတရားရုံး တရုံးတောင်မှ မရှိသေးဘူးလို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအရေးအတွက် အနှစ်သာရမရှိတဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာကိုလည်း အင်မတန်စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

UNHRC ဟာ အထောက်အထားစုဆောင်းရုံသက်သက်ထက်ကျော်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကို မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC ဒါမှမဟုတ် သူတို့ကိုယ်တိုင်ဖွဲ့စည်းထားတဲ့ အထူးခုံရုံးတခုဆီ လွှဲပေးဖို့အတွက် တောင်းဆိုပေးဖို့လည်း အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။

၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ်ထဲမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ICC ရဲ့ တရားစီရင်မှုကိုခံယူမယ် ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

နောက်ဆုံးအချက်အနေနဲ့ အာဂျင်တီးနား၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ တူရကီနိုင်ငံတို့မှာ လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံတကာတရားစီရင်ခွင့်အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ၊ အေဂျင်စီတွေနဲ့ ယန္တရားတွေကို ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ နည်းပညာအရ ထောက်ပံ့ကူညီဖို့ UNHRC အနေနဲ့ အကြံပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013