DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား တင်ပို့
DVB
·
March 1, 2023
အိန္ဒိယက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား တင်ပို့
Donate to DVB

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို လှုံ့ဆော်နေတဲ့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင်  စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၁၂၂ မမ ပြောင်းတွေဟာ မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ ဟောင်ဝစ်ဇာ အမြောက်တွေအတွက် ဖြစ်နိုင်ပြီး မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်ကျော်ထွန်းပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုဆီ ပေးပို့ခဲ့တာဖြစ်တယ်။

ကျော်ကျော်ထွန်းက မြန်မာစစ်တပ် ခဲယမ်းမီးကျောက်တွေဖောက်ခွဲရေးမှာ အသုံးပြုနိုင်ဖို့ စနက်တံတွေကို အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ဆီကနေ တင်ပို့ခဲ့တဲ့ အကြောင်း Justice For Myanmar က ဖော်ထုတ်ထားခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာစစ်တပ်က အရပ်သားပြည်သူ့နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင်ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပြီး ဥပမာတခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ  ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ ပစ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၃ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲမှာ ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယနိုင်ငံက အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုပေးတဲ့အတွက် မြန်မာအရပ်သား ပြည်သူတွေ အပေါ် စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှုတွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံအနေနဲ့ စစ်ရာဇဝတ်ကောင်တွေ အပါအဝင် သူတို့ရဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

Quadrilateral Security Dialogue (the Quad) လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးဖက် အစီအစဉ်ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ အနေနဲ့ သူတို့ရဲ့ ဩဇာကိုအသုံးပြုပြီး အိန္ဒိယကနေမြန်မာစစ်တပ်ကို စစ်လက်နက်တွေ စီးဆင်းနေတာကို ရပ်တန့်ပေးဖို့ကိုလည်း Justice For Myanmar တိုက်တွန်းထားပါတယ်။

အိန္ဒိယလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေက အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့အချက်က နိုင်ငံတကာ ဥပဒေတွေနဲ့ Wassenaar (လက်နက်ထိန်းချုပ်ရေးစနစ်)သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုတာကို ပြသနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013