DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတပ်ရင်းအတွက် စက်သေနတ်ဝယ်ယူနိုင်ရေး ''ဘရောင်နီ''ကမ်ပိန်းတွင် ပါဝင်နိုင်
DVB
·
February 28, 2023
ဒီးမော့ဆိုတပ်ရင်းအတွက် စက်သေနတ်ဝယ်ယူနိုင်ရေး ''ဘရောင်နီ''ကမ်ပိန်းတွင် ပါဝင်နိုင်
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ ဒီမော့ဆိုတပ်ရင်းအတွက် စက်သေနတ်ဝယ်ယူနိုင်ရေး ''ဘရောင်နီ''ကမ်ပိန်းမှာ ပြည်သူတွေ အားလုံး ပါဝင်ထောက်ပို့နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ လာမယ့် မတ် ၁၀ ရက်နေ့ထိ ရက် ၂၀ ကြာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ငွေကျပ်သိန်း ၈၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)ကနေ ဗဟိုဌာနတွေ၊ တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ဆိုပြီး အရင်ကထက် တပ်ရင်းတွေ ပိုမိုကျစ်လစ်အောင် ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်ကာ တပ်ရင်းအားလုံး လိုအပ်ချက်အရ လက်နက်ပိုင်းဆိုင်ရာမှာ စက်သေနတ်တွေ၊ လက်နက်ကြီးတွေ ပိုမိုလိုအပ်လာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ အသုံးပြုပြီးတော့ လက်နက်အင်အားမမျှတစွာနဲ့ အသုံးပြုလာတဲ့အပေါ် တော်လှန်ရေးရဲဘော်တွေဘက်ကလည်း လက်နက်ကြီးတွေ တပ်ဆင် ပေးနိုင်ဖို့ အရေးကြီးလိုအပ်လာတာမို့ Browning Machine Gun အမည်ရတဲ့ စက်လတ် ၁ လက်ရရှိရေးအတွက် ''ဘရောင်နီ''ကမ်ပိန်းကို ခေါ်ယူထားတာလို့ ဆိုပါတယ်။ 

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာတော့ ကျေးရွာပေါင်း ၅၀၀ ကျော်ထဲက ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခု စက်တင်ဘာလအတွင်း စစ်တပ်ရဲ့ ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ပြုစုထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေအပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီး ၃၃ ဦး အပါအဝင် ကရင်နီအရပ်သား ၂၆၀ ထက်မနည်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ခု အပါအဝင် စစ်တပ်တွေက ဖမ်းဆီးထိန်းသိမ်းစဉ် ကရင်နီအရပ်သား ၁၁၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်းကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013