DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံနေရသည့် နိုင်ငံခေါင်းဆောင် ၂ ဦးကို ရှေ့နေနှင့် မိသားစုဝင်များ တွေ့ခွင့်မရ
DVB
·
February 28, 2023
အကျဉ်းကျခံနေရသည့် နိုင်ငံခေါင်းဆောင် ၂ ဦးကို ရှေ့နေနှင့် မိသားစုဝင်များ တွေ့ခွင့်မရ
Donate to DVB

စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သူတို့ရဲ့ ရှေ့နေတွေအပါအဝင် မိသားစုဝင်လည်း တွေ့ခွင့်မရဘူးလို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက“အန်တီ(ဒေါ်အောင်ဆန်းကြည်)နဲ့ရော၊ အန်ကယ် (သမ္မတဦးဝင်းမြင့်)နဲ့ရော တွေ့ခွင့်တောင်းထား တယ်။ အထူးသဖြင့် အန်တီနဲ့ပေါ့။ ခုချိန်ထိ တွေ့ခွင့်မပေးဘူး။ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မပေးဘူး၊ သူ့မိသားစုတွေနဲ့လည်း ပေးမတွေ့ဘူး”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် တွေ့ခွင့်မရတဲ့အပေါ်  စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

တရားရေးနဲ့နီးစပ်သူတစ်ဦးက“စိုးတော့ စိုးရိမ်တယ်၊ ဘာလို့လည်းဆို အသက်တွေက ၇၀ ကျော်ပြီလေ။ အန်ကယ် ဦးဝင်းမြင့်ဆိုလည်း သူ့မိသားစုနဲ့ မတွေ့ရဘူး၊ ပစ္စည်းလောက်ပဲ ပို့ခွင့်ရတယ်။ တောင်ငူထောင်ရောက်ကတည်းက ပေးမတွေ့တော့ဘူး” လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ရဲ့အမှုတွေအားလုံး အမိန့်ချပြီးဖြစ်ပေမယ့် အမှုတွေအားလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက တွေ့ခွင့်တင်ထားတာ။ အမှုတွေကလည်း အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်တာ၊ အဲဒါထက် သူတို့ ဘာတွေ ညွှန်ကြားချင်လည်း အဲဒါအတွက်တင်တာပါ”လို့ တရားရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချထားတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013