DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ပုစွန်ခြောက်စျေး အဆမတန်မြင့်တက်နေ
DVB
·
February 28, 2023
ရေးမြို့နယ်တွင် ပုစွန်ခြောက်စျေး အဆမတန်မြင့်တက်နေ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပုစွန်ခြောက်စျေးတွေ အဆမတန် မြင့်တက်လာတာကြောင့် စားသုံးသူတွေ စျေးကြီးပေး ဝယ်ယူစားသုံးနေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စားသုံးသူတဦးက “အရင်က ပုစွန်ခြောက်ရှယ် ၁ ပိဿာ စျေးမှ ကျပ် ၃၀,၀၀၀ ဝန်းကျင်လောက် ရှိတဲ့ဟာ အခုစျေးက ကျပ် ၅၀,၀၀၀ ကျော်အထက်မှာ ရှိနေတယ်။ ၁၀,၀၀၀ ကျော်လောက်အထိ တက်သွားတယ်။ တခြား ပုစွန်ခြောက်တွေအပြင် ငါးခြောက်စျေးတွေလည်း ခါတိုင်းထက် ၅,၀၀၀ တန်တဲ့ ငါးခြောက်စျေးတွေ ထက်ဝက်နီးပါးလောက်ကို တက်သွားတယ်” လို့ ပြောပါတယ်။

အခုက အလုပ်တွေလည်း ရှားပါးနေတဲ့အချိန် ကုန်စျေးနှုန်းတွေကလည်း ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေပါ အကုန်တက်ပြီး သားငါး ဟင်းသီးဟင်းရွက်ကအစ တက်သွားတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မမျှတဘူးလို့ အိမ်ရှင်မတွေက ဆိုပါတယ်။

ရေလုပ်ငန်းရှင်တယောက်က “ရေလုပ်ငန်းတခု လည်ပတ်ဖို့က စက်သုံးဆီ၊ ပင်လယ်ရေထွက် ကုန်ကြမ်းပစ္စည်းတွေ၊ ငါးဖမ်းကိရိယာတွေ၊ လုပ်သားစားစရိတ်တွေက အရင်ကထက် ပိုမိုအကုန်အကျ များလာသလို ငါးတွေပါ ဖမ်းမရလာတဲ့အချိန်ဆို ကျပ်ရာထောင်နဲ့ချီ ဆုံးရှုံးတာလည်း ရှိတယ်” လို့ ပြောပါတယ်။

ငါးကုန်ကြမ်းတွေကအစ ရှားပါးလာတာရယ် ငါးစို၊ ငါးခြောက်စျေးတွေပါ အမြင့်စျေးတွေနဲ့ ရောင်းရပေမဲ့ ငါးစို၊ ငါးခြောက်စျေးကွက်အတွင်းမှာ အခုချိန်က လမ်းခရီးက အရင်လို အဆင်မပြေတဲ့အတွက် အရောင်းအဝယ်ကပါ အေးနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီးတဲ့နောက် တပိုင်တနိုင် ညစျေးသမားတွေလည်း အလုပ်ရပ်နားထားရသလို စစ်ကောင်စီဘက်က ဒေသခံတချို့ကို ဖမ်းဆီးတာတွေ ရှိလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013