DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို ဆန့်ကျင်ကန့်ကွက်သည့် “ဘုရင်အလိုမရှိ”ဆန္ဒပြပွဲ နယူးယောက်တွင် ပြုလုပ်   
DVB
·
March 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်နိုင်ငံတဝန်း ဘုရင်အလိုမရှိ “No Kings” ဆန္ဒပြပွဲတွေကို  မတ် ၂၈ ရက်နေ့က တတိယအကြိမ် ပြုလုပ်နေရာမှာ  နယူးယောက်မြို့သားတွေ လည်း စာတမ်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ သံပြိုင်ကြွေးကြော်သံတွေနဲ့  ချီတက် ဆန္ဒပြခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့အစိုးရရဲ့  မူဝါဒတွေ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အမေရိကန် ပြည်နယ်ပေါင်း ၅၀ နဲ့ အမေရိကန်ပြင်ပ မြို့ကြီးတွေမှာ ဆန္ဒပြပွဲပေါင်း ၃,၂၀၀ ကျော် ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ကို အမေရိကန် လူထုထောက်ခံမှု ၃၆ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာပြီး ထရမ့်ပ်ဟာ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်တာဝန်ထမ်းဆောင်ချိန်မှာ လူထုထောက်ခံမှု အနည်းဆုံး ဖြစ်ခဲ့တယ်လို့ ရိုက်တာနဲ့ Ipsos တို့ရဲ့ စစ်တမ်းအရ သိရပါတယ်။ 

ဘုရင်အလိုမရှိ ဆန္ဒဖော်ထုတ်ပွဲတွေကို အရင်က ၂ ကြိမ် ပြုလုပ်ခဲ့ဖူးပြီး လူပေါင်းသန်းချီ ပါဝင်ဆင်နွှဲခဲ့ဖူးပါတယ်။

ဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့နှစ် ထရမ့်ပ်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၄ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက နိုင်ငံတဝန်း နေရာ ၂,၁၀၀မှာ ခန့်မှန်းခြေ လူ ၄ သန်းကနေ ၆ သန်းအထိ ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ 

ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲမှာ မြို့ပေါင်း ၂,၇၀၀ ကျော်မှာ လူပေါင်း ၇ သန်းလောက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ 

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုတွေကို ကန့်ကွက်ဖို့ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်တဲ့ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်က စတင်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်နေတဲ့ အီရန် စစ်ပွဲဟာ ဒုတိယလထဲကို ရောက်ရှိနေပြီဖြစ်ပြီး ဒီစစ်ပွဲကြောင့် အမေရိကန် အပါအဝင် ကမ္ဘာတဝန်းမှာ လောင်စာဆီတွေ ရှားပါးပြတ်လပ် စီးပွားရေးထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013