DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင်ကျင်းပ
DVB
·
February 27, 2023
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမအကြိမ်ဘွဲ့နှင်းသဘင်  လိုင်ဇာမြို့တွင်ကျင်းပ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဥ်ကြောင့် စစ်ကျွန်ပညာသင်ကြားရေးကို တော်လှန်ဖီဆန်ဖို့ သင်ယူမှုတွေကို ရပ်တန့်ခဲ့တဲ့ CDM ကျောင်းသားတွေအတွက် ပညာဆက်လက်သင်ကြားနိုင်ဖို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ရဲ့ ပထမဆုံး ဘွဲနှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်က ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်းနဲ့ ဒဿနိကဗေဒ ဘာသာရပ်တွေမှာ နောက်ဆုံးနှစ်သင်တန်းကို လေ့လာခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကို ဘွဲ့အပ်နှင်းခဲ့ပြီး အမြင့်ဆုံးဘွဲ့အဖြစ် မဟာဝိဇ္ဇာဘွဲ့ကိုလည်း မြန်မာဘာသာရပ်မှာ ချီးမြှင့်ခဲ့ပါတယ်။

ဘွဲ့ရမောင်မယ်တွေထဲမှာ အွန်လိုင်းအခြေပြု သင်ကြားရေးကနေတဆင့် တက်ရောက်သင်ကြားခဲ့တဲ့ CDM ကျောင်းသားတွေလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

KSCU ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့အတူ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက zoom အွန်လိုင်း ဗွီဒီယိုကနေတဆင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ “KSCU ဟာ ကျနော်တို့ တော်လှန်ရေးအတွက် လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တက္ကသိုလ်ကျောင်းတခု ဖြစ်ပါတယ်။ ကချင်ဒေသ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတဲ့ တက္ကသိုလ်တခု ဖြစ်ပါတယ်။ ကျနော်တို့အားလုံးသွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးရဲ့ ခြေလှမ်းအစဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

တက္ကသိုလ် အဓိပတိဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ) ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က ဘွဲ့ရမောင်မယ်တွေကို ဘွဲ့လက်မှတ်ပေးအပ်ခဲ့ပြီး ဘွဲနှင်းသဘင် မိန့်ခွန်းမှာတော့ “ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အတွက် ကြိုးစားနေကြရဆဲဖြစ်ပြီး တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလတွေမှာ ဘွဲ့ရမောင်မယ်တွေက မိမိတို့ရဲ့ အရည်အသွေး၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်များဖြင့် ပါဝင်ပြီး မိခင်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြရမယ်” လို့ ဘွဲ့ရမောင်မယ်တွေကို တိုက်တွန်းမှာကြားခဲ့ပါတယ်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သက်ဆိုင်ရာ ဘာသာရပ်များရဲ့ နေ့သင်တန်း နောက်ဆုံးနှစ်ကို အောင်မြင်ပြီးဆုံးခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၆၃ ဦးနဲ့ အဝေးရောက်ဘွဲ့ ၁ ဦးကို ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013