DVB Logo
Home
မြန်မာသတင်း
ကချင်စစ် ၃ နှစ်ပြည့် အစီအစဉ်တွေ ရန်ကုန်မှာ ပြုလုပ်
DVB
·
June 7, 2014
ကချင်စစ် ၃ နှစ်ပြည့် အစီအစဉ်တွေ ရန်ကုန်မှာ ပြုလုပ်
Donate to DVB

ကချင်ဒေသ တကျော့ပြန်စစ် ၃ နှစ်ပြည့် အစီအစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က လူငယ်တွေ စုပေါင်းပြီး ရန်ကုန်မြို့မှာ ၃ နေရာခွဲပြီး ကျင်းပခဲ့ကြပါတယ်။

[caption id="attachment_58103" align="alignright" width="300"]ဓာတ်ပုံ - Jade Land's ဓာတ်ပုံ - Jade Land's[/caption]ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ဇွန်လ ၇ ရက် ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို အခုလို ပြောပြပါတယ်။

“မဟာဗန္ဓုလ ပန်းခြံအနောက်ဖက် အေဂျီတီ ဘဏ်အရှေ့မှာ စစ် ပါဖောင့်မန့်တွေ လုပ်ပါတယ်။ ကျမတို့ ကချင်လူငယ်တွေ က တာတွေ ဆို တာတွေ လုပ်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ကာတွန်းတွေနဲ့ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ ပြည်သူ့ရင်ပြင်မှာ လူငယ်ပေါင်းစုံက လာရောက်ပါဝင်ပြီး ပါဖောင့်မန့်လုပ်ပါတယ်။ ညနေပိုင်း ၃ နာရီလောက်မှာ အင်းလျားကန်ဘောင် ပြည်လမ်းဘက်မှာ ဖျော်ဖြေမှာပါ။ လောလောဆယ် ကချင်ပြည်နယ်မှာ ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော် စခန်းတွေမှာ နေနေတာရှိပါတယ်။ အဲဒီလူတွေအတွက် ရန်ပုံငွေ လုံလောက်မှု မရှိပါဘူး။ အဲဒါကြောင့် အနာဂတ်ကို ပျောက်ဆုံးစေတဲ့ စစ်ပွဲကို ချက်ချင်း ရပ်မှ ဖြစ်ပါတယ်။ ဒါကြောင့် ထိုးစစ်တွေ ချက်ချင်း ရပ်ဖို့ တောင်းဆိုတာပါ။”

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာတော့ ဇွန်လ ၉ ရက်မှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်က ဦးဆောင်ပြီး ကချင်စစ်ပွဲ ၃ နှစ်ပြည့် အစီအစဉ်တွေ ပြုလုပ်ဖို့ရှိပါတယ်။

ကချင်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုဂျာရုံက ဇွန်လ ၉ ရက်ပြုလုပ်မယ့်အစီအစဉ်ကို ခုလို ပြောပြပါတယ်။

“မနောကွင်းကို လမ်းလျှောက်သွားပြီး မနောကွင်းမှာ ဆုတောင်းမယ်။ ပြီးရင် ဖိုတို ကန်ပိန်းလုပ်မယ်။ လူအင်အားက ခန့်မှန်းရသလောက် သောင်းချီပြီး လာလိမ့်မယ်။”

ကချင်ပြည်နယ်ထဲက ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ဒေသတွေက နှစ်ခြင်း အသင်းချုပ်တွေပါ လာရောက်ပူးပေါင်း လုပ်ဆောင်ကြမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လပထမပတ်အတွင်း အစိုးရစစ်တပ်က ကေအိုင်အို ထိန်းချုပ်နယ်မြေ တွေထဲ ၀င်ရောက်တိုက်ခိုက်ခဲ့ရာကစလို့ ကချင်စစ်ပွဲတကျော့ပြန်ဖြစ်ပွားခဲ့တာပါ။

ဒါကြောင့် အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ ၁၉၉၄ ခုနှစ်ကထဲက ချုပ်ဆိုခဲ့တဲ့ အပစ်ရပ်စာချုပ်လည်း ပျက်ပြယ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း အခုအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013