DVB Logo
Home
မြန်မာသတင်း
အင်ဖာ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၁ ဦး သေဆုံး
DVB
·
February 27, 2023
အင်ဖာ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၁ ဦး သေဆုံး
1 / 3
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာရှိ ထိန်းသိမ်းရေးစခန်းတခုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား  အမျိုးသားတယောက် စခန်းထဲမှာ သေဆုံးသွားတယ်လို့ အိန္ဒိယနယ်စပ် မဏိပူအခြေစိုက်  Imphal Free Press သတင်းမှာဖော်ပြပါတယ်။

မဏိပူရပြည်နယ်၊ မိုးရေးရဲစခန်းရဲ့ တောင်ဘက် ၇ ကီလိုမီတာခန့်အကွာမှာရှိတဲ့ တန်နောင်ပယ်ခရိုင်၊ လန်ချမ်းရွာနဲ့ နယူးဆယ်ဘန်းကျေးရွာတွေကနေ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကလေးငယ် ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၈၁ ဦးကို တရားမဝင်နေထိုင်မှုနဲ့ အိန္ဒိယရဲ့က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲက တယောက်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က အင်ဖာအရှေ့ပိုင်းရှိ ဆာဂျီဝါအကျဉ်းထောင်အနီးက နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းအတွင်းမှာ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် လမ်ကိုချွန်ဂိုက်ဖြစ်ပြီး အိပ်ပျော်နေစဉ် နှလုံးရပ်သေဆုံးတာဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက် မိုးရေးမှာရှိတဲ့ ဆွေမျိုးတွေဆီ ပြန်လည်ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရပြည်နယ်ထဲမှာ တရားမဝင်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၃၉၃ ဦးရှိတယ်လို့  မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂ်က  ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မဏိပူရပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောထားပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၀၇ ဦးကို တရားစွဲဆိုကာ အချုပ်ထောင်မှာ ထိန်းသိမ်းထားပြီး ၁၀၅ ဦးကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားကာ နောက်ထပ် ၁၈၀ ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မဏိပူရ လွှတ်တော်မှာ ဝန်ကြီးချုပ်က ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် တရားမဝင် ဝင်ရောက်မှုတွေဟာ ရပ်တန့်သွားဖို့ မရှိသေးဘူးလို့ ယူဆပြီး နောက်ထပ်ထိန်းသိမ်းရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့  Imphal Free Press သတင်းမှာဖော်ပြပါတယ်။

Ref:IFP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013