DVB Logo
Home
မြန်မာသတင်း
ရန်ကုန်- မန္တလေးလမ်းပေါ်မှာ လမ်းလျှောက်ချီတက်သည့် အလုပ်သမားများ ဟန့်တားခံရ
DVB
·
June 7, 2014
ရန်ကုန်- မန္တလေးလမ်းပေါ်မှာ လမ်းလျှောက်ချီတက်သည့် အလုပ်သမားများ ဟန့်တားခံရ
Donate to DVB

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာ တည်ရှိတဲ့ ကံကောင်းခြင်း ရတနာ သစ်အချောထည်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မန္တလေးမြို့ကို လမ်းလျှောက်ချီ တက်လာနေတုန်း စဥ့်ကိုင်နဲ့ ပလိပ်မြို့အကြားက တိုးဂိတ်တခုမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ လောက်က ပိတ်ဆို့ဟန့်တားထားတာ ခံနေရပြီး အလုပ်သမားခေါင်းဆောင်တွေလည်း အဖမ်းခံလိုက်ရပါတယ်။

[caption id="attachment_58097" align="alignright" width="300"]ဓာတ်ပုံ - မီးစက်ကြီး ဓာတ်ပုံ - မီးစက်ကြီး[/caption]ဒါ့အပြင် အာဏာပိုင်တွေနဲ့ အလုပ်သမားတွေအကြား စေ့စပ်ညှိနှိုင်းပေးသူ ၂ဦးကိုလဲ တပါထဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောပါတယ်။

ရာနဲ့ချီတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားတွေ အခုလို လမ်းပေါ် ဘာကြောင့် ရောက်လာတာပါလဲ။ ဦးအောင်လင်းက အခုလို ပြောပြပါတယ်။

“အလုပ်သမားသပိတ်က ၄ ကြိမ်လောက်ဖြစ်ခဲ့တယ်။ ပထမ သပိတ်က တနင်္ဂနွေပိတ်ရက် မသတ်မှတ်ပေးလို့ ၁၇ ရက် ၆ လ ၂၀၁၂ မှာ နေ့ဝက်သပိတ် ဖြစ်ခဲ့တယ်။ ဒုတိယ သပိတ်က အလုပ်သမားသမဂ္ဂဖွဲ့ပြီးတဲ့အခါမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းကို ဖြိုခွဲဖို့ ကြိုးစားလာတဲ့လုပ်ရပ်တွေကြောင့်မို့လို့ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ၁၄ ရက် အချုပ်ချတယ်။ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်မင်း ကို မတရားအမှုဆင် ဖမ်းဆီးမှုကြောင့် အလုပ်သမားတွေ သပိတ်မှောက်တာ ၂ ရက်နဲ့ ၂ ည ကြာပါတယ်။ အဲဒီမှာ ကိုခိုင်မင်းကို အာမခံနဲ့ ပြန်ထုတ်ပေးပြီး အလုပ်ပြန်ခန့်ပါတယ်။ တတိယ သပိတ်ကတော့ မြို့နယ်ဖြန်ဖြေရေးမှာ အလုပ်ရှင် အလုပ်သမား စာချုပ်မှာ အလုပ်ရှင်ဘက်က ဖောက်ဖျက်တဲ့အတွက် ဖြစ်လာတဲ့ သပိတ်ပါ။ ၁၁ရက် သပိတ်မှောက်ပါတယ်။ ၁၀ ရက် ၃ လ ၂၀၁၄ မှာ ဖြစ်တာပါ။ အခုနောက်ဆုံး စတုတ္ထသပိတ်ကတော့ စာချုပ် အသစ်ချုပ်ရာကနေ အဆင်မပြေဖြစ်ပြီး သပိတ်မှောက်တာပါ။”

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ စေ့စပ်ညှိနှိုင်းပေးသူ ၂ ဦး အပါအ၀င် အလုပ်သမားခေါင်းဆောင် ၁၀ ဦး စုစုပေါင်း ၁၂ ဦးကို မန္တလေးတိုင်းဒေသကြီး ကာလုံက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုဖို့ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013