DVB Logo
Home
မြန်မာသတင်း
မြိတ်နှင့်ကျွန်းစု ပျူစောထီးစာရင်း ပကဖအဖွဲ့ ထုတ်ပြန်၊ တနင်္သာရီတွင် အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ
DVB
·
February 26, 2023
မြိတ်နှင့်ကျွန်းစု ပျူစောထီးစာရင်း ပကဖအဖွဲ့ ထုတ်ပြန်၊ တနင်္သာရီတွင် အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်က ပျူစောထီးစာရင်းတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ဖေဖော်ဝါရေ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “မြိတ်ပကဖအနေနဲ့ သူတို့ကို စကစ လက်အောက်ကနေ အမြန်ဆုံး နုတ်ထွက်ကြဖို့ တရားဝင် ထုတ်ပြန်ထားပြီးဖြစ်တယ်။ သူတို့တွေ ဘက်က နုတ်ထွက်ခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင်နေတဲ့အတွက် ရရှိထားတဲ့ နာမည်စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

ထုတ်ပြန်လိုက်တဲ့ စာရင်းတွေထဲမှာ ပဲ့တိုင်ကျေးရွာ၊ စလွန်ကျေးရွာ၊ ကလွင်ကျေးရွာနဲ့ မြိတ်တောင်ကျေးရွာမှ ပျူစောထီးအယောက် ၁၀၀ရဲ့ နာမည်တွေပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မြိတ်ပကဖအဖွဲ့က မြိတ်မြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထု အနေနဲ့ စစ်ရေး သတိရှိဖို့နဲ့ ခရီအသွားအလာ သတိထားပြီးသွားဖို့ လိုအပ်လိမ့်မယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူအား တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်ပံနီ) က ပစ်သတ်ခဲ့တယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၆ နာရီလောက်က တနင်္သာရီမြို့ကနေ ‌ဆင်‌‌ခြေဖုံး‌ကျေးရွာအုပ်စု လယ်တောင်ကျေးရွာကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန် ရွာအနီးလမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသားမှာ စစ်ကောင်စီခန့် ဆင်ခြေဖုံးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ဦးရန်အောင်စိုးဖြစ်တယ်လို့သိရပါတယ်။

ဒေသခံတဦးက “ဒီအုပ်ချုပ်ရေးမှူးက စစ်ကောင်စီနဲ့ပေါင်းပြီး ရွာမှာ နာမည်ဆိုးတွေထွက်နေတဲ့ တယောက်ပါ၊ စစ်ကောင်စီကိုသတင်းပေးနေတာ‌တွေလုပ်တယ်” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ယန္တရားတချို့အား ရှင်းလင်းခဲ့ပြီး ‌နောက်ထပ် ပြည်သူနဲ့မပူးပေါင်းဘဲ ကျန်ရှိနေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း စစ်ကောင်စီထောက်တိုင်တွေအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသုတ်သင်သွားမယ်လို့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013