DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ်မှာ အားနည်းချက်တွေရှိပေမယ့် ပြည်သူကို လှည့်စားတာမျိုးမလုပ်ဟု ဒေါ်စုပြော
DVB
·
June 7, 2014
အဖွဲ့ချုပ်မှာ အားနည်းချက်တွေရှိပေမယ့် ပြည်သူကို လှည့်စားတာမျိုးမလုပ်ဟု ဒေါ်စုပြော
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားနည်းချက်တွေရှိပေမယ့် ပြည်သူလူထုကို လှည့်ဖျားပြီး စည်းရုံးတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

07062014NLD Central Comitte Metting7ဇွန်လ ၇ ရက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာခန်းမမှာ ကျင်းပပြုလုပ်တဲ့ အဖွဲ့ချုပ်ရဲ့ ၂၀၁၄ ခုနှစ် ပထမအကြိမ်ဗဟိုကော်မတီ အစည်းအဝေးဖွင့်ပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်တွေဆိုတာ ၂ မျိုးပါ။ တခုက ကျမတို့က နှစ်ပေါင်းများစွာ အင်မတန်မှ ကျင်းကျင်းကျပ်ကျပ် အခြေအနေအရ လှုပ်ရှားလာရတဲ့ အဖွဲ့တခုမို့လို့ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ တခြားအားနည်းချက် တွေဆိုတာလည်း ကျမတို့ရဲ့ တချို့ အဖွဲ့ဝင်တွေများဟာ ဒီမိုကရေစီ နိုင်ငံရေးနဲ့ သိပ်ပြီးတော့ အကျွမ်းတ၀င် မရှိသေးလို့ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ နောက် ကျမတို့ ပုဂ္ဂိုလ်တွေ တဦးချင်းအရ ရှိတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ သို့သော်ငြားလည်း ကျမကတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။ ကျမတို့ အဖွဲ့အချုပ်က ဘယ်တုန်းကမှ ပြည်သူကို လှည့်ဖျားပြီးတော့ မစည်းရုံးခဲ့ပါဘူး။”

ဗဟိုကော်မတီစည်းဝေးမှာ လုပ်သင့်တာတွေအကြံပြုဆွေးနွေးဖို့ မလုပ်သင့်တာတွေကိုလဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြဖို့ ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့အတွက် အဖွဲ့ချုပ်ဝင်တိုင်းမှာ တာဝန်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

အဖွဲ့ချုပ်ဗဟိုကော်မတီစည်းဝေးပွဲကို ဇွန်လ ၇ရက်နဲ့ ၈ရက် နှစ်ရက် ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆွေးနွေးမယ့် အစီအစဉ်တွေကို အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ခုလို ပြောပြပါတယ်။

“အဓိကတော့ ပါတီရဲ့ လုပ်ဆောင်ပြီးခဲ့တဲ့ လုပ်ငန်းစဉ်တွေရယ် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတာပေါ့။ လုပ်ဆောင်ပြီးခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အစီရင်ခံ တင်သွင်းပြီး တာပေါ့။ နောက်ပြီးရင်တော့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပေါ့။”

ဇွန်လ ၈ ရက် ဗဟိုကော်မတီစည်းဝေးပြီးရင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013