DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရေးလှုပ်ရှားသူများ အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးရုံးအထိ ချီတက်ဆန္ဒပြ
DVB
·
February 26, 2023
မြန်မာ့ရေးလှုပ်ရှားသူများ အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးရုံးအထိ ချီတက်ဆန္ဒပြ
1 / 4
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တညီတညွတ်တည်းရှိကြောင်းပြသတဲ့အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက  အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွေကို ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးနဲ့ မြန်မာစစ်သံမှူးရုံးတွေရှေ့ကို တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ မြန်မာ့ရေးတက်ကြွလှုပ်ရှားသူတွေက ချီတက်ဆန္ဒပြခဲ့ကြတာပါ။

အမေရိကန်အစိုးရက အတည်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေမူကြမ်း NDAA ထဲမှာပါဝင်တဲ့ Burma Act အရ တော်လှန်ရေးအတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်မှုရှိနေတယ်ဆိုတာပြသဖို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့  Anti Dictatorship in Burma - DC Metro Area အဖွဲ့က ဦးရင်အေးက ပြောပါတယ်။

"ပြည်သူလူထုအသက်ကိုကယ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ Early Warning System တွေပေးဖို့ရယ်။ MOGE Sanction လုပ်ဖို့ရယ်၊ လေယာဉ်ဆီကုမ္ပဏီတွေကို Sanction လုပ်ဖို့ကိစ္စတွေ၊ နောက်ပြီး အင်တာနက်စနစ်တွေပြန်ပြီး တည်ဆောက်ဖို့၊ သူတို့လည်းပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ယူအက်စ်ရဲ့ Burma Act မှာပါတဲ့ အနေအထားတစ်ခုက ဘာလဲဆိုတော့ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားကြတဲ့ NLD အပါအဝင် ဗမာအင်အားစုတွေက အနာဂတ်အတွက်ကို တကယ်သဘောတူညီမှုရှိနေပြီလား။ အနာဂတ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပူးပေါင်းပြီးတော့ သာတူညီမျှတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ သဘောတူညီချက်ရှိနေပြီလား။ အဲ့လိုရှိနေမှပဲ သူတို့က အကူအညီကို ပြည့်ပြည့်ဝဝပေးမယ်ဆိုတဲ့သဘောဆိုတာပါတယ်။ ကျနော်တို့ တွေ့နေရတယ်။ ဒါကြောင့်မို့ ကျနော်တို့ညီညွတ်မှုကို ပြတာပါဒီနေ့ပွဲက။"

ဆန္ဒပြပွဲမှဦ တိုင်းရင်းသားပေါင်းစုံနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေပါ ပါဝင်ဆန္ဒပြခဲ့ကြပြီး တိုင်းရင်းသားတွေနဲ့အတူ တသားတည်းရှိတယ်၊ ညီညွတ်တယ်ဆိုတာကိုပြရင်း ကူအညီတွေရဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း ဦးရင်အေးက ပြောပါတယ်။

ကန်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့  Western Kentucky တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ရီပတ်ဘလင်ကင်ပါတီ ဥက္ကဋ္ဌ  မစ်ချ်မက်ကော်နဲလ်က ချင်းတိုင်းရင်းသားတွေ၊ မြန်မာပြည်သူတွေနဲ့ အမြဲတမ်းရပ်တည်ပေးသွားမယ့်အကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို အကူအညီတွေ အမြန်ရရှိရေး တက်ကြွလှုပ်ရှားသူတွေက အမေရိကန်အစိုးရကို ပိုပြီးကျယ်ကျယ်လောင်လောင် တိုက်တွန်းဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

ကန်တက်ကီပြည်နယ် ဘိုးလင်းဂရင်းဒေသ ချင်းကွန်မြူနတီဥက္ကဋ္ဌ လိန်းကီးက "ဒီ့ထက်ပြင်းထန်တဲ့ Action ကိုယူပေးဖို့ရာ သမ္မတဂျိုးဘိုင်ဒန်ရဲ့လက်ထဲမှာပဲရှိတယ်။ ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့ ဆက်ပြီးတော့ ကြိုးစားကြပါ။ ဆက်ပြီးတော့မှ အသံကိုလွှင့်ပြီးတော့မှ ဆန္ဒပြဖို့ကိုလည်း ဆက်ပြီးလှုပ်ရှားဖို့လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု ရီပတ်ဘလင်ကင်ပါတီ ဥက္ကဋ္ဌ  မစ်ချ်မက်ကော်နဲလ်က အားပေးစကားပြောခဲ့တဲ့အတွက်ကြောင့်မို့လို ကျနော်တို့က ဒီကိစ္စကိုလုပ်ရခြင်းဖြစ်ပါတယ်။"

တိုင်းရင်းသားပေါင်းစုံ ချီတက်ဆန္ဒထုတ်ဖော်ပွဲကို အမေရိကန်ရောက်ပြည်နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာပြည်သူတွေအတွက်လိုအပ်တဲ့အကူအညီတွေ အမြန်ရရှိရေးတောင်းဆိုခဲ့ကြရာမှာ ဆန္ဒထုတ်ဖော်ပွဲကို ဝါရှင်တန်ဒီစီအာဏာပိုင်တွေက တရားဝင်ခွင့်ပြုပေးခဲ့ပြီး လိုအပ်တဲ့လုံခြုံရေးအစီအစဉ်တွေကိုပါ အကူအညီပေးခဲ့ပါတယ်။

ဘတ်ဖဲလိုးမြန်မာအသင်း (BMA ) ဥက္ကဋ္ဌ စောလူးထောက "ကျနော် ဘာပြောချင်တာလဲဆိုတော့ ဒီတိုက်ပွဲကအားလုံးပါမှဖြစ်မယ်။ အထူးသဖြင့် Live တို့ TV တို့ မီဒီယာတို့ နားထောင်တယ်ဆိုတာ ထက်ပေါ့လေ၊ လူတွေရဲ့စိတ်ထဲမှာ ကျနော်မာပြည်သားပါ၊ ကျနော်မြန်မာပြည်ဖွားပါ၊ ဒီတိုက်ပွဲဟာ ကျနော်တို့နဲ့ဆိုင်တယ်၊ အဲ့ဒီစိတ်ပါတဲ့လူတိုင်းဟာ ဒီတိုက်ပွဲမြန်မြန်ပြီးဖို့ ဆုံးဖြတ်ပေးတဲ့တိုက်ပွဲဖြစ်တယ်။ အဆုံးအဖြတ်ပေးမယ့် အနေအထားဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေ၊ အကူအညီပေးရေး ကိစ္စရပ်တွေအများအပြားပါဝင်တဲ့ Burma Act တစ်ခုလုံးကို အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေမူကြမ်း NDAAထဲမှာ ထည့်သွင်းပြီး  ဥပဒေအဖြစ် ဒီဇင်ဘာ ၂၃ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆သန်းထက်မနည်းဘဲ အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကိုလည်း ဒီဇင်ဘာ ၂၉ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုထားပါတယ်။

အမေရိကန်အစိုးရဆီကရလာနိုင်စရာရှိတဲ့ အထောက်အပံ့တွေကို စနစ်တကျခွဲဝေသုံးစွဲနိုင်ဖို့နဲ့ ဆက်ဆံရေးမြှင့်တင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဖေဖော်ဝါရီ ၁၃ ရက်က  ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013