DVB Logo
Home
Lead Story
မြန်မာ့ဆက်သွယ်ရေး အေဒီအက်စ်အယ်လ် ၀န်ဆောင်မှုပုံစံ ပြောင်းဖို့ စီစဉ်နေ
DVB
·
June 7, 2014
မြန်မာ့ဆက်သွယ်ရေး အေဒီအက်စ်အယ်လ် ၀န်ဆောင်မှုပုံစံ ပြောင်းဖို့ စီစဉ်နေ
Donate to DVB

ADSLလက်ရှိ မြန်မာ့ဆက်သွယ်ရေးကနေ တယ်လီဖုန်းကြိုးလိုင်းကနေတဆင့် အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ အေဒီအက်စ်အယ်လ်စနစ်ကို Service Plan ၅ ခု ခွဲပြီး ငွေကြေး ကောက်ခံနေရာကနေ နောက်ပိုင်း သုံးစွဲတဲ့ ပမာဏာအလိုက်၊ ဒါမှမဟုတ် သုံးစွဲတဲ့အချိန်အလိုက် ပြောင်းလဲ ကောက်ခံသွားဖို့ ပြင်ဆင်နေတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဝင်းသန်းက ပြောပါတယ်။

ဇွန် ၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချောက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းလွင် မေးတာကို သူက ခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုပုံစံ ပြောင်းဖို့အတွက် အစိုးရဆီကနေ ငွေကြေးရန်ပုံငွေ တောင်းထားပြီး ရရင် စက်တပ်မှုတွေ စလုပ်တော့မယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းဖုန်းကနေ အင်တာနက်ဝန်ဆောင်မှုပေးတာကို သုံးစွဲတဲ့ ဒေတာ ပမာဏအလိုက် ကောက်မယ်လို့ ကြေညာခဲ့ဖူးပြီး၊ သတ်မှတ်နှုန်းထားဟာ လက်ရှိ သုံးစွဲချိန်အလိုက် တမိနစ် ၂ ကျပ်ကနေ ၄ ကျပ် ကောက်နေတာထက် ပမာဏ အများကြီး ပိုများနေလို့ ပြည်သူတွေရဲ့ ကန့်ကွက်မှု ကြုံခဲ့ရပြီး နောက်ဆုံး အစီအစဉ် ပျက်သွားခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013