DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် မော်တော်ယာဉ်မရပ်ရ ၅ လမ်း ထပ်မံတိုးချဲ့ မည်
DVB
·
June 7, 2014
ရန်ကုန်မြို့တွင် မော်တော်ယာဉ်မရပ်ရ ၅ လမ်း ထပ်မံတိုးချဲ့ မည်
Donate to DVB

car brokerရန်ကုန်မြို့မှာ မော်တော်ယာဉ်မရပ်ရလမ်း ၅ လမ်း ထမ်မံတိုးချဲ့မယ်လို့ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်မြို့မှာ အရင်က မော်တော်ယာဉ်မရပ်ရတဲ့ လမ်း ၇၇ လမ်းရှိပြီး အခု အနောက်မြင်းပြိုင်ကွင်းလမ်းကနေ ဦးချစ်မောင်လမ်းဆုံကြားက လမ်း ၅ လမ်းကို ထပ်မံတိုးချဲ့မယ်လို့ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ဒုရဲမှူးကြီး လင်းထွဋ်က ပြောပါတယ်။

အငှားယာဉ်မောင်း ကိုအောင်ကျော်မိုးကတော့ လမ်းတွေရှင်းလင်းနေပေမယ့် မော်တော်ယာဉ်တွေ တိုးလာတဲ့အတွက် ဆက်လက်ပိတ်နေဦးမယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်ကျောပိတ်ဆို့မှု ဖြေရှင်းဖို့အတွက် ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်နေတဲ့အပြင် ဒီလ ၁ ရက်နေ့ကနေစပြီး အဖွဲ့ ၉ ဖွဲ့ပေူးပေါင်းပြီး စည်းကမ်းမဲ့ ယာဉ်ဖမ်းဆီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့အထိ မော်တော်ယာဉ် ၂၂၁၆ မှု ရှိခဲ့ပြီး လိုင်စင်မဲ့ယဉ်နှစ်စီးလည်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013