DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်လက်ဆွေးနွေးမည်
DVB
·
June 6, 2014
ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်လက်ဆွေးနွေးမည်
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဖြန့်ကြက်ထားတဲ့ မြန်မာတပ်တွေပြန်ရုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုချက်ကို မြန်မာဘက်က ဇွန်လ ၅ ရက်နေ့ အစည်းအဝေးမှာ ပယ်ချခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ညွှန်ကြားရေးမှူးချုပ် အဇစ် အာမက် (Aziz Ahmed) က The Age သတင်းစာကို ပြောဆိုပါတယ်။

Banglasd borderရခိုင်ပြည်နယ် မောင်တောမြို့မှာ ကျင်းပတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး အစည်းအဝေးအပြီး ဘင်္ဂလားသတင်းစာ The New Age ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာတာဝန်ရှိသူတွေက နယ်စပ်တကြောမှာ ချထားတဲ့ သူတို့တပ်တွေကို အခုနေခါမှာ ပြန်မရုပ်သိမ်းသလို ကျနော်တို့ဘက်ကလည်း တပ်တွေ ဖြန့်ကျက်ချထားနိုင်တတယ်လို့ ပြောတဲ့ အကြောင်း သူက ပြောပါတယ်။

ဘယ်နိုင်ငံကမှ ကိုယ့်တပ်တွေကို နယ်စပ်ကနေ ၅ ကီလိုအတွင်း မဖြန့်ကြက်ရဘူးလို့ နှစ်နိုင်ငံ သဘောတူညီချက်ရှိပေမယ့် မြန်မာဘက်က ဖြန့်ကြက်ထားကြောင်း မစ္စတာ အာဇစ်က ပြောပါတယ်။ မြန်မာဘက်က တပ်တွေ ချက်ချင်း ရုပ်သိမ်းဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီမောင်တောမြို့မှာ နယ်ခြားတပ်မှူးအဆင့် အစည်းအဝေးဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင် မီးဇနူးရ် Mizanur ဆိုသူ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက် နှစ်ဘက်တင်းမာမှုတွေ ထွက်ပေါ်နေချိန်မှာ ကျင်းပတာပါ။ သေဆုံးသူကိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လွှဲပြီးလို့ သဂြိုဟ်ခဲ့ပြီးပါပြီ။

တပ်မှူးအဆင့်အစည်းအဝေးမှာတော့ သေဆုံးသူကိုင်ဆောင်ကျန်ရစ်တဲ့ စက်သေနတ်နဲ့ ကျည်ဘောက်လေးခု ကျည်ဆန် ၉၈ တောင့်ကို မြန်မာဘက်က ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၂၃ ဦးပါ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် ကော့ဘဇားဆက်တာ တပ်မှူး ခန်ဒကာ ဖာရစ် ဟာဆန် (Khandakar Farid Hasan) က ဦးဆောင်တယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်စောင့် ရဲတပ်ဖွဲ့ဘက်က တပ်မှူး တင်ကိုကို၊ မောင်တောနယ်စပ် လူဝင်မှုကြီးကြပ်ရေးဌာန ဒါရိုက်တာတို့က ဦးဆောင်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးချုပ်တင်ကိုကိုက သူတို့ဟာ Mizanur ကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်နဲ့ မှားယွင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂလားပိုင်နက်တွင်းမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စအို) စခန်းရှိတယ်လို့ စွပ်စွဲချက်အပေါ် ပယ်ချခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ညွှန်ချုပ်က ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ Mizanur သေဆုံးခဲ့ရမှုနဲ့ အလောင်းပြန်ပေးတဲ့နေ့က ပစ်ခတ်တိုက်ခိုက်မှုတွေကိစ္စကို အဓိကထားဆွေးနွေးပြီး ကျန်ကိစ္စတချို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။

မြန်မာနယ်ခြားစောင့်တပ်က သူတို့မှာ အာအက်စ်အိုအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ ၀တ်တဲ့ယူနီဖောင်းကို သုံးစွဲဝတ်ဆင်နေတယ်လို့ သတင်းရရှိထားကြောင်းနဲ့ မှားယွင်းပစ်ခတ်တာဖြစ်ကြောင်း ဆိုပါတယ်။

အတူတကွ ပူးတွဲကင်းလှည့်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကမ်းလှမ်းခဲ့ပေမယ့် မြန်မာဘက်က လက်မခံဘူးလို့ ဆိုပါတယ်။

မောင်တောမြို့မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် အလံတင်အစည်းအဝေးဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ အဆင့်မြင့် အရာရှိတွေချင်း နေပြည်တော်မှာ ထပ်မံဆွေးနွေးအဖြေရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013