DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့
DVB
·
June 6, 2014
လားရှိုးတွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့
Donate to DVB

စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာလုပ်မိလို့ ဘာသာရေးဆန်တဲ့ ပဋိပက္ခဖြစ်ပွားမယ့် အခြေအနေတခုကို လားရှိုးမြို့က အာဏာပိုင်တွေ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Policeရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂  နယ်မြေ ၁၂ အတွင်းမှာ နေထိုင်တဲ့ စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက သူနေထိုင်တဲ့ရပ်ကွက်နဲ့ ၁ မိုင်ကျော်လောက်ဝေးကွာတဲ့ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်း ရပ်ကွက်အတွင်းက ညောင်ပင်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာပြုလုပ်မိလို့ ရပ်ကွက်နေပြည်သူတွေက ဗုဒ္ဓသာသနာတော်ညှိုးနွမ်းအောင် ပြုလုပ်တယ်လို့ဆိုကာ  ဘာသာရေးဆန်တဲ့ ပဋိပက္ခတခုဖြစ်ပွားစေမယ့် အခြေအနေမျိုး ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ် ဇွန် ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးပိုင်းက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ကျေးရွာအထောက်အကူပြု  ဥက္ကဋ္ဌ ဦးကျော်သိန်း က  “ဒီလို ကျနော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ရုပ်ထုကို လုပ်တယ်ဆိုပြီးတော့ လူပေါင်း ၁၅၀ လောက်က ကျနော်တို့ ရုံးရှေ့ ရောက်လာပြီးတော့မှ သူတို့ မကျေနပ်ကျဘူး ပြောတယ်။ မကျေနပ် တာကို ဒါမျိုးလုပ်လို့ မရဘူး။ ဥပဒေလမ်းကြောင်းရှိတယ်။ ဥပဒေလမ်းကြောင်းအရ စခန်းကို အမြန်ဆုံး အပ်နိုင်တာ အကောင်းဆုံးပဲ။ အဲဒီတော့ သမီးတို့၊ သားတို့ ဘာမှ မလုပ်ကြပါနဲ့ ဆိုပြီး စခန်းကို အပ်လိုက်တယ်”လို့ ပြောပါတယ်။

ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့ ဆရာတော်၊ သံဃာတွေကလည်း  လာရောက် ထိန်းသိမ်းခဲ့ကြပါတယ်။

ဆရာတော် ဥူးကုသလသာမိက “လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပွားစေဖို့၊ မဖြစ်ရေးကို လာပြီး ထိန်းအုပ်ဖို့ ကြိုတင်ပြီး ရောက်လာခြင်း ဖြစ်ပါတယ်” လို့ မိန့်တော်မူပါတယ်။

အဲဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး တရပ်ကွက်တည်း အတူနေထိုင်တဲ့ အိမ်နီးနားချင်းတဦးက “ရပ်ကွက် ၁၂၊ နယ်မြေ ၁၂ တနယ်မြေလုံးနီးပါးသိတယ်။ အမှန်တကယ် စိတ်မနှံ့ဘူး” လို့ ပြောပါတယ်။

အဲဒီ  အမျိုးသမီးကို ဥပဒေအရ အရေးယူသွားမှာဖြစ်သလို မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက်လည်း လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရဲတမှူး တင်ဖေ၀င်းက “အဲဒီ အမျိုးသမီးက စိတ်ကစဥ့်ကလျားဖြစ်နေချိန်မှာ ညောင်ပင်မှာ ထားထားတဲ့ ဘုရားရုပ်တုကို မဖွယ်မရာပြုသလို ဖြစ်သွားတယ်။ အဲဒီတော့ ဥပဒေအရ ဒီအမျိုးသမီးကို ချက်ချင်း ဖမ်းထားတယ်။ မနက်ဖြန် ချက်ချင်း တရားစွဲဖို့လည်း စီစဉ်ထားတယ်။ လားရှိုးမြို့ရဲ့ အခြေအနေက အခုအချိန်မှာ လုံခြုံရေးတိုးမြှင့်ပြီး ချထားတယ်။ အခြေအနေကတော့ လက်ရှိအခြေအနေထိ အေးချမ်းနေတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့မှာ ၂၀၁၃ ခုနှစ်ကလည်း လူတဦးက အမျိုးသမီးတဦးကို ဓာတ်ဆီလောင်းမီးရှို့ရာကနေ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013