DVB Logo
Home
မြန်မာသတင်း
ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး၏ စျာပနကျင်းပ
DVB
·
February 23, 2023
ကွယ်လွန်သူ  ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး၏ စျာပနကျင်းပ
1 / 13
Donate to DVB

ကွယ်လွန်သွားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး အသက် (၅၇) နှစ်ရဲ့ စျာပနအခမ်းနားကို ဖေဖော်ဝါရီ ၂၃ ရက်၊ ဒီနေ့ မွန်းလွဲ ၂နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပပါတယ်။

စျာပနအခမ်းနားကျင်းပရာ မွန်းတည့် ၁၂ နာရီလောက်ကတည်းက မင်းသားကြီး သီဟတင်စိုးကို အားပေးချစ်ခင်ခဲ့ကြတဲ့ ပရိသတ်တွေ၊ လုပ်ဖော်ကိုင်ဖက် အနုပညာအသိုက်အဝန်းနဲ့ ဆွေမျိုးမိတ်ဆွေတွေ အများအပြားလာရောက်ခဲ့ကြပါတယ်။

ဖက်ဆစ် တော်လှန်ရေးဇာတ်ကားအများအပြား ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ ဖေ‌ဖော်ဝါရီ ၂၁ ရက် မနက်က နှလုံးရောဂါဖောက်လာလို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ပို့ဆောင်စဥ် လမ်းမှာသေဆုံးသွားတာလို့ ရုပ်ရှင်လောကသားတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဝါရင့်သရုပ်ဆောင် သီဟတင်စိုးဟာ ၂၀၀၀ ပြည့်နှစ်က ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲမှာ ငရဲသားဇာတ်ကားနဲ့  ဒါရိုက်တာဆုရော ၊ အမျိုးသားသရုပ်ဆောင်ထူးချွန်ဆုပါ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် အကယ်ဒမီဇင်မာဦး ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီသီဟတင်စိုး ကွယ်လွန်ချိန်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013