DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးမြို့ နယ် လယ်သမား ၅၀၀ ခန့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
DVB
·
June 6, 2014
စဥ့်ကူးမြို့ နယ် လယ်သမား ၅၀၀ ခန့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
Donate to DVB

[caption id="attachment_58026" align="alignright" width="300"]လယ်သမားများ ထွန်တုံးတိုက်ပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ကိုဟန်ဝင်းအောင်) လယ်သမားများ ထွန်တုံးတိုက်ပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ကိုဟန်ဝင်းအောင်)[/caption]မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာက လယ်သမား ၅၀၀ခန့်က ဒီနေ့ မနက်ပိုင်းကနေစပြီး ထွန်တုံးတိုက်ပွဲကို စတင်ဆင်နွှဲနေပါတယ်။

ညောင်ဝန်းကျေးရွာဒေသက လယ်ယာမြေဧက ၃ ထောင်ကျော်ကို ဂရိတ်ဝေါကုမ္မဏီက အကျိုးတူ ပူးပေါင်းဆောင်ရွက်မူနဲ့ ၁၉၇၃ ခုနှစ်ဝန်းကျင်က စစ်တပ်ကနေ လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်ပြီး လယ်ယာမြေတွေ ပြန်ရဖို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ နံနက် ၉ နာရီမှ စတင်ကာ သိမ်းဆည်းခံလယ်ယာမြေတွေပေါ်မှာ ဒေသခံ လူ ၅၀၀ လောက်က နွားအရှဉ်း ၆၀ လောက်နဲ့ ထွန်တုံးတိုက်ပွဲ စတင်ဆင်နွှဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ မကြာခဏဆိုသလို သိမ်းဆည်းခံ လယ်ယာတွေ ပြန်ရရေးအတွက် ဒေသခံ လယ်သမားတွေက ထွန်တုံးတိုက်ပွဲတွေ ဆင်နွှဲနေပြီး အစိုးရက ဖမ်းဆီး အရေးယူ ထောင်ချမူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013