DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမ၀င်မြန်မာနိုင်ငံသား ၁၃၆ ဦး ဖမ်းဆီးခံရ
DVB
·
June 6, 2014
ရနောင်းတွင် တရားမ၀င်မြန်မာနိုင်ငံသား ၁၃၆ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၆ ဦး ဖမ်းဆီးရမိတယ်လို့ ရနောင်းခရိုင်ဝန် နိုင်းချိတ်ဆဒ်ဆီ ကျမ်ပါထစ် က ဇွန်လ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

[caption id="attachment_58016" align="alignright" width="300"]ဓာတ်ပုံ - khaosod.co.th ဓာတ်ပုံ - khaosod.co.th[/caption]သူတို့တတွေကို အမှတ် ၂၅ တပ်ရင်းလက်အောက်ခံ စစ်တပ်နဲ့ ရနောင်းခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရနောင်းခရိုင် လအွန်မြို့နယ် နိုင်းဝုန်းနေကျေးရွာအုပ်စုက ရာဘာတောထဲမှာ ကြိုတင်သတင်းရထားချက်အရ ၀င်ရောက်ဖမ်းဆီးတာလို့ ခရိုင်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၁၀၃ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၁၀ ဦးတို့ ပါဝင်ပြီး စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ၀င်ရောက် လာတာလို့ ဆိုပါတယ်။

ထိုင်းဘက်ကမ်းကို ကူးပြီးတဲ့နောက် ပွဲစားက သူတို့ကို တောထဲကနေ ခြေလျင် ခေါ်ခဲ့ပြီး ညအမှောင်မှာ ၃ နာရီကြာ လမ်းလျှောက်ခဲ့ကြရကြောင်း၊ ဖမ်းဆီးခံရချိန်မှာ အားလုံးဟာ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့အတွက် စစ်တပ်က အစာရေစာပေးခဲ့ရတယ်လို့ ခရိုင်ဝန်က ပြောပါတယ်။

ဆက်လက်စစ်မေးချက်အရ သူတို့တတွေဟာ ထိုင်းနိုင်ငံ မဟာချိုင်ဘက်ကို တချို့၊ ဆုန်ခလာခရိုင် နဲ့ မလေးရှားနိုင်ငံတွေဘက် ဆက်ပြီးအလုပ်သွားလုပ်ကြမှာလို့ ဆိုပါတယ်။

အခုလို လာရောက်ဖို့ ပွဲစားကို မလေးရှားထိ တဦးကို ဘတ် ၂ သောင်း ၊ ဆုန်ခလာထိ ၁ သောင်း နဲ့ မဟာချိုင်ထိ ၆ ထောင်ပေးဖို့ သဘောတူခဲ့တယ်လို့ ခရိုင်ဝန်က ပြောပါတယ်။

သူတို့ကို ခေါ်ဆောင်လာသူ ပွဲစားနဲ့ ဖမ်းဆီးရမိသူ အားလုံးကို လ၀က ဥပဒေနဲ့ အရေးယူဖို့ ရနောင်းခရိုင် လ၀ကရဲစခန်းကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013