DVB Logo
Home
မြန်မာသတင်း
သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက်
DVB
·
June 6, 2014
သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက်
Donate to DVB

အလုပ်သမားတွေကို နစ်နာစေမယ့် စာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်လို့ အလုပ်ရှင်ရဲ့ မောင်းထုတ်တာကို ခံခဲ့ရတဲ့ စဥ့်ကိုင်မြို့နယ် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ မနက် ၉ နာရီက မန္တလေးကို ဆန္ဒပြဖို့ လာနေပါတယ်။

[caption id="attachment_58004" align="alignright" width="300"]သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက် ဆွေးနွေးနေစဉ် (ဓာတ်ပုံ - Kyaw Gyi AB) သစ်အချောထည် အလုပ်သမား ၁၀၀၀ ခန့် မန္တလေးကို ဆန္ဒပြရန် ချီတက် ဆွေးနွေးနေစဉ် (ဓာတ်ပုံ - Kyaw Gyi AB)[/caption]ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ကိစ္စမှာ အလုပ်သမားတွေက သဘောမတူဘဲ လက်မှတ်မထိုးခဲ့လို့ ရဲတွေခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အခုစာချုပ်မှာက အစမ်းခန့်် ၃ လ လို့ ပါတယ်။ လုပ်သက်ရင့် ၀န်ထမ်းတွေအတွက် နစ်နာ တာပေါ့။ ပြီးတော့ အလုပ်သမားကို အပြစ်မရှိပဲ ထုတ်လို့ရတယ်ဆိုတာလည်း ပါတယ်” လို့ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခိုင်လင်းက ဒီဗွီဘီကို ပြောပါတယ်။

သူတို့အနေနဲ့ ရဲစခန်းကို သွားပြီး အမှုဖွင့်တော့လည်း ဖွင့်မပေးဘူးလို့ ဦးခိုင်လင်းက ပြောပါတယ်။

အဲဒါကြောင့် မန္တလေးတိုင်း တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်သမ္မတအထိ တိုင်စာတွေ ပို့ထား တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အခုအချိန်အထိ မထူးခြားသေးတာကြောင့် အခုလို ဆန္ဒပြဖို့အတွက် ချီတက်လာတာပါလို့လည်း ဦးခိုင်လင်းက ပြောပါတယ်။

အခုအချိန်မှာတော့ သက်ဆိုင်ရာတွေက လာရောက်ညှိနှိုင်းနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူ တယောက်က နေ့လယ် ၁၂ နာရီခွဲမှာ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013