DVB Logo
Home
မြန်မာသတင်း
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲ တိုက်ခိုက်ခံရ
DVB
·
February 21, 2023
ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲ တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၀ ရက် မနေ့ည ၇ နာရီခွဲလောက်မှာ ရန်ကုန် မြေအောက်တော်လှန်ရေးအဖွဲ့တွေက လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ အထိအခိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခဲ့မှုမှာ အုပ်ချုပ်ရေးမှူးရုံးစောင့်ဝန်ထမ်းတဦး ထိခိုက်ခဲ့ကြောင်း၊ အပျက်အစီးတွေရှိကြောင်း Freeland Attack Force တာဝန်ခံက ပြောပါတယ်။

“ရုံးမှာ စောင့်တဲ့ညစောင့်ဝန်ထမ်းတစ်ယောက်ထိခိုက်ပြီး ဆေးရုံးပို့ထားရတယ်ပြောတယ်။ ကျောင်းနဲ့ ရုံးကြားက အုတ်တံတိုင်းလည်း ပျက်စီးသွားပါတယ်။ ကျနော်တို့အနေနဲ့ အကြမ်းဖက် စစ်ကောက်စီရဲ့ လက်ပါးစေမှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားမှာပါ။ ရဲဘော်သာဒင်ကျသွားတုန်းက ကျနော်တို့ငြိမ်လိုက်ရတယ်။ အခက်အခဲတွေလည်း အများကြီး ဖြစ်သွားတယ်။ အခုတော့ပြည်သူတွေရဲ့ ထောက်ပို့အားနဲ့ ကျနော်တို့ FLA ပြန်လာပါပြီ။”

ဗိုလ်စိန်မှန်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်မှာ မြို့ပြပြောက်ကျားတိုက်ပွဲတွေကို ဖော်ဆောင်နေတဲ့ Freeland Attack Force -FLA နဲ့ Emerald Girls Army (EGA) မဟာမိတ်အဖွဲ့တို့ ပူးပေါင်းကာ လက်ပစ်ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေပြင်ရဲဘော်တွေကတော့ ထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က တောင်ဥက္ကလာပမြို့နယ်ထဲ ရပ်ကွက်ရုံးကို တိုက်ခိုက်စဉ်က ငွေတောင်စားသောက်ဆိုင်က ဝန်ထမ်းတွေ ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်ခဲ့တာကြောင့် Freeland Attack Force –FLA က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013