DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
လာမိန်းယာမဲလ်၏ ကမ္ဘာ့ဖလား ပွဲဦးထွက်ဂိုးနှင့်အတူ စပိန်က ဆော်ဒီကို ဂိုးပြတ်နိုင်
DVB
·
June 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

စပိန်အသင်းဟာ ကြယ်ပွင့်ကစားသမား လာမိန်းယာမဲလ်ရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက်ဂိုးနဲ့အတူ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ ဆော်ဒီအာရေဗျကို (၄-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ၁၈ နှစ်အရွယ် တောင်ပံကစားသမား လာမိန်းယာမဲလ်က သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားဂိုးကို သွင်းယူခဲ့တာပါ။

သူ့ရဲ့ ခြေစွမ်းပြမှုကြောင့် စပိန်အသင်းရဲ့ တိုက်စစ်ဟာ အသက်ဝင်လာခဲ့ပြီး အရင်ပွဲကလို မဟုတ်ဘဲ တက်ကြွတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။

ပရိသတ်တွေကလည်း သူ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြတာပါ။ လာမိန်းယာမဲလ်ဟာ ဂိုးဧရိယာထဲ ဖြတ်တင်ဘောကို လျှောထိုးပိတ်သွင်းယူခဲ့တာပါ။

သူဟာ အသက် ၁၉ နှစ်မတိုင်ခင် ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်တဲ့ သတ္တမမြောက် ကစားသမား ဖြစ်လာပါတယ်။

၁၈ နှစ် ဒါမှမဟုတ် ဒီထက်ငယ်တဲ့ ကစားသမားတွေထဲမှာ အဖွင့်ဂိုးသွင်းနိုင်သူအဖြစ် ၁၉၅၈ က ပီလီနောက်ပိုင်း ဒုတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။

ဝိန်းရွန်နီကတော့ လာမန်းယာမဲလ်ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013