DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးက ဦးဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်ချီးမြှင့်
DVB
·
February 19, 2023
စစ်ကောင်စီခန့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးက ဦးဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်ချီးမြှင့်
1 / 2
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်း၊ သီရိမင်္ဂလာ မဟာသာသနာ့ဗိမ္မန်တော်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဇွဲကပင်ဆရာတော် ဘဒန္တကဝိဓဇမဟာထေရ်နဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူတို့ရဲ့ သီရီပျံချီဘွဲ့ ချီးမြှင့်ပွဲ ကျင်းပခဲ့ပါတယ်။ 

ဒီအခမ်းအနားမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက ကရင်ပြည်နယ်ဇွဲကပင် ဆရာတော် ဘဒန္တကဝိဓဇမဟာထေရ်ကို သီရိပျံချီဘွဲ့တံဆိပ်တော် ပူဇော်ခဲ့ပြီး စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဆရာတော် အရှင်ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပါတယ်။

ချီးမြှင့်ခံရတဲ့ ဆရာတော်တွေကို ကြံ့ခိုင်ရေးပါတီက ကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပြီး အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသားရေးအဖွဲ့တွေက အလှူငွေ ကျပ်သိန်း ၇၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဦးဝီရသူဟာ ၂၀၁၉ ခုနှစ်အတွင်းက ရန်ကုန်မြို့တော်ခန်းမအနီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်ဟောပြောခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကနဲ့ ၂၀၁၉ မှာ အမှုဖွင့်ခံခဲ့ရပြီး တနှစ်ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ 

သူဟာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ လာရောက် အဖမ်းခံခဲ့တာဖြစ်ပြီး စစ်ကောင်စီက အရပ်သားအစိုးရကို ဖမ်းဆီးကာ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ၇ လအကြာ ၂၀၂၂ နိုဝင်ဘာလမှာ ပြန်လွှတ်ပေးခဲ့တာပါ။

ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စ ယန်ဟီလီကိုလည်း အရှင် ဝီရသူက ရုန့်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ဖူးပါတယ်။ 

ကုလသမဂ္ဂ အရာရှိအပေါ် ရုန့်ရင်း ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု အပါအဝင် အမုန်းတရား ဖြန့်ဝေတဲ့ တခြားလှုံ့ဆော်မှု မှန်သမျှကိုလည်း အရေးယူပိတ်ပင်ဖို့ မြန်မာနိုင်ငံ အတွင်းက ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက တောင်းဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013