DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
DVB
·
June 5, 2014
ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်ကျခံနေတဲ့ ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို တရားရုံးက ဖောက်ခွဲမှုပုဒ်မတွေနဲ့ ထပ်မံပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပါတယ်။

မတရားအသင်း ဆက်သွယ်မှုနဲ့ မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်ချမှတ်ခံ ထားရတဲ့ စစ်ရှောင် ဒုက္ခသည် ၃ ဦးကို  ပေါက်ကွဲမှုပုဒ်မတွေနဲ့ မြစ်ကြီးနားခရိုင် တရားရုံးက  နှစ်ရှည်ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်လိုက်တာဖြစ်ပါတယ်။

Myitkyina-300x205ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၁၃ နှစ်၊ ဘရန်ရုန်းကို ၁၄ နှစ်နဲ့ လရိန်ကို ထောင်ဒဏ် ၃ နှစ် အသီးချမှတ်လိုက်တာဖြစ်ပါတယ်။  ထောင်ဒဏ်အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး  တရားခံရှေ့နေ ဦးမာခါးက အခုလို ပြောပါတယ်။

“ဘရန်ရုန်းကို အမှု ၄ မှုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ လဖိုင်ဂမ်က ၁၃ နှစ်၊ လရိန်က ထောင်ဒဏ် ၃ နှစ်။ ဘရန်ရုန်းနဲ့ လဖိုင်ဂမ် ၂ ယောက်က ထောင်ဒဏ် ၇ နှစ် ချမှတ် ခံထားရပြီးသား။ လရိန်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီးသား ၁၇ (၁)အမှုပေါ့နော်။”

သူတို့တွေဟာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ၂၀၁၂ ခုနှစ်တုန်းက မြစ်ကြီးနားမြို့ နှစ်ခြင်းအသင်းတော်တခုမှာ လာရောက်ခိုလှုံရင်း ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို အစပိုင်းက မတရာအသင်းနဲ့ဆက်သွယ်မှုတွေနဲ့ စွဲဆိုထောင်ချပြီး  ထောင်တွင်းမှာပဲ နောက်ထပ် ဖောက်ခွဲမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတာလို့ ဦးမာခါးက ပြောပါတယ်။

ဒီလိုအမိန့်ချမှတ်တာဟာ တရားမမျှတမှုမရှိသလို တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်းနေ တယ်လို့ ဦးမာခါးက ဝေဖန်ပါတယ်။

“ဒီနေ့ သူတို့ကို ထောင်ဒဏ်ချမှတ်တဲ့ဟာက မြစ်ကြီးနားခရိုင်တရားရုံး၊ မြို့နယ်တရားရုံး တွေက တရားစီရင်ရေးစနစ်က တိမ်းစောင်းနေတာပေါ့။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။ ဒီ ဥပဒေကို ဆန့်ကျင်ပြီးမှ အပြစ်မရှိတဲ့သူကို ပြစ်ဒဏ်ချမှတ်နေတာ ဖြစ်တယ်။ ဒီအမှုကို ကြည့်ခြင်းအားဖြင့် မြစ်ကြီးနား တရားရုံးတွေက ပြည်သူလူထုရဲ့ လုံခြုံမှုကို အကာအကွယ်မပေးပဲနဲ့ အစိုးရနဲ့ စစ်တပ်ကို အကာအကွယ်ပြုပြီးမှ တရားစီတာ ဖြစ်တယ်။ လုံးဝ တရားမျှတ မှန်ကန်မှုမရှိဘူး။”

သူတို့ကို ပထမ ထောင်ချခဲ့တဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ပတ်သက်ပြီး လာမယ့် ၁၇ ရက်နေ့ နေပြည်တော်မှာ အယူခံလျှောက်လဲမယ်လို့လည်း ဦးမာခါးက ပြောပါတယ်။

ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော်အရာရှိအဖြစ် စွပ်စွဲပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စပ်ညှဉ်းပန်းမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013