DVB Logo
Home
မြန်မာသတင်း
ရေစကြို PDF စခန်းတခုအား စစ်တပ်က ဝင်တိုက်ပြီး မင်္ဂလာဆောင်မည့် ရဲဘော်စုံတွဲကို သတ်ဖြတ်မီးရှို့
DVB
·
February 18, 2023
ရေစကြို PDF စခန်းတခုအား စစ်တပ်က ဝင်တိုက်ပြီး မင်္ဂလာဆောင်မည့် ရဲဘော်စုံတွဲကို သတ်ဖြတ်မီးရှို့
Donate to DVB

ရေစကြိုမြို့နယ်ထဲက PDF စခန်းတခုကို ဒီနေ့ စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မင်္ဂလာဆောင်မယ့် PDF ရဲဘော်စုံတွဲ သတ်ဖြတ်မီးရှို့ခံခဲ့ရတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် သဲတောကျေးရွာကို အကြမ်းဖက်စစ်သားတွေ ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဓားစာခံလုပ်ဖမ်းဆီးခဲ့ပြီးနောက် သဲတောရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ Southern YSO PDF အခြေပြု ကင်းစခန်းငယ်တခုဆီကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ အသင့်စောင့်ဆိုင်းနေတဲ့ Southern YSO PDF၊ Urban Underground Revolution Force (UURF-YSO) ဗိုလ်ရာဟု တပ်ခွဲ၊ Shwe Nyar Myae People Defence Force(YSO)၊ Yesagyo Revolution Force (YRG)၊ ညီနောင်သုံးဖော်၊ Zarmani Blood Guerilla Army Myaing အဖွဲ့တို့က မိုင်း ၃ လုံး၊ ရှေ့ထွက်ပြောင်း ၃ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ ရဲ ၂ ယောက် နေရာမှာပဲ သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲက ရဲဘော်နဲ့ ရဲမေတို့ဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်ထားလို့ သဲတောရွာမှာ ခဏသွားနေတုန်း စစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

PDF အဖွဲ့တွေ မိုင်းခွဲချိန်မှာ ထွက်ပြေးခဲ့ပေမယ့် စစ်တပ်ကပစ်ခတ်လို့ အမျိုးသားဖြစ်သူ ဒဏ်ရာရသွားပြီး အမျိုးသမီးက ဆက်မပြေးတာကြောင့် အတူသတ်ဖြတ်ခံလိုက်ရတာလို့ သိရပါတယ်။

သူတို့ကို PDF ရဲ့ ကင်းစခန်းနဲ့အတူ စစ်တပ်က မီးရှို့ထားခဲ့ပြီး PDF စခန်းက Glock အတို ၁ လက်၊ ကျည်ဆန် ၆၅ တောင့်၊ ထုတ်လုပ်ရေး ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ ရဲဘော်အသုံးအဆောင်ပစ္စည်းတွေ၊ ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာ၊ ရိက္ခာပစ္စည်းတွေလည်း မီးရှို့ခံခဲ့ရတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013