ခေတ်ရှေ့ပြေးတဲ့ စတိတ်ရှိုးဖျော်ဖြေမှုပြကွက်တွေ၊ ဖက်ရှင်ဒီဇိုင်းအဆန်းတွေနဲ့ လူပြောများနေတဲ့ RNB အဆိုတော် ရီဟားနားဟာ လတ်တလောဝတ်ဆင်ခဲ့တဲ့ ပွဲထွက်ဝတ်စုံနဲ့ နိုင်ငံတကာ မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ရေးပန်းစားနေပါတယ်။
ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ လင်ကွန်းစင်တာမှာ ပြုလုပ်သွားတဲ့ အမေရိကန် ဖက်ရှင်ဒီဇိုင်နာများ ကောင်စီဆုပေးပွဲမှာ ရီဟားနား တယောက် ထွင်းဖောက်မြင်သာတဲ့ ပွဲတက်ဝက်စုံကို ဆင်မြန်းခဲ့တာဖြစ်ပါတယ်။
ဒီဝတ်စုံကို နာမည်ကြီးဒီဇိုင်နာ အက်ဒမ်ဆဲမန်းက ထွင်ပေးထားပြီး တကိုယ်လုံးမှာ ခရစ်စတယ်လ် ကျောက်စ ၂ သိန်းကျော် စီတပ်ထားပါတယ်။ အဲဒီ့ညကပွဲမှာ ရီဟားနားကို စံပြဖက်ရှင်ဆုလည်း ပေးအပ်ခဲ့ပါတယ်။











