DVB Logo
Home
မြန်မာသတင်း
ကရင်နီလူဦးရေ ၄၀ ရာခိုင်နှုန်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရ
DVB
·
February 17, 2023
ကရင်နီလူဦးရေ ၄၀ ရာခိုင်နှုန်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရ
Donate to DVB

ကျေးရွာပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ်(ကရင်နီပြည်နယ်)က ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခု စက်တင်ဘာလအတွင်း စစ်တပ်ရဲ့ ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ပြုစုထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေအပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို ဖော်ပြထားပါတယ်။

ဒါအပြင် စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့်လည်း တချို့မိသားစုတွေဟာ အကြိမ်ကြိမ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးသွားတဲ့ စစ်ရှောင် အမျိုးသမီး တဦးက “ကျမ ရှိသမျှအရာ အကုန်ဆုံးရှုံးသွားပြီ။ ကလေးတွေကို ဘယ်ကိုခေါ်ပြီး ဘယ်မှာပုန်းရမလဲ မသိတော့ဘူး”လို့ ဆိုတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီး ၃၃ ဦး အပါအဝင် ကရင်နီအရပ်သား ၂၆၀ ထက်မနည်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ခု အပါအဝင် စစ်တပ်တွေက ဖမ်းဆီးထိန်းသိမ်းစဉ် ကရင်နီအရပ်သား ၁၁၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်းကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။

ဒါ့အပြင် သိန်းနဲ့ချီတဲ့ ကရင်နီစစ်ရှောင်‌တွေအတွက် လက်ရှိ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့လည်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေကို ကူညီတဲ့ အဖွဲ့တွေကလည်း  ဆန် တပြည်နှုန်း တပတ်တခါ ကူညီနေပေမဲ့ လိုအပ်ချက်တွေ‌ များနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013