DVB Logo
Home
မြန်မာသတင်း
တိရစ္ဆာန်ချစ်သူများက “Stop Dog Fighting” ကမ်ပိန်း ပြုလုပ်
DVB
·
February 17, 2023
တိရစ္ဆာန်ချစ်သူများက “Stop Dog Fighting” ကမ်ပိန်း ပြုလုပ်
Donate to DVB

ခွေးနှစ်ကောင်ကို အလောင်းအစား ပြုလုပ်ပြီး ကိုက်ခိုင်းနေတဲ့ပို့စ် ဖေဖော်ဝါရီလအစောပိုင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတာကြောင့်  Stop Dog Fighting ကမ်ပိန်းကို အွန်လိုင်းကနေ မနေ့ကစတင် ပြုလုပ်နေတယ်လို့ တိရစ္ဆာန်ချစ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။

“တိရစ္ဆာန်လေးတွေကို ကြင်နာပါ၊ သခင်ရဲ့ဆန္ဒကြောင့် သူတို့အချင်းချင်းကိုက်တာ ဖျော်ဖြေရေးမဟုတ်ပါဘူး။ သက်ရှိတွေရဲ့ဘဝကို လောင်းကြေးထပ်ပြီး ပျော်ရွှင်မှုနဲ့ ပိုက်ဆံရှာတာ မတရားပါဘူး” လို့ တိရစ္ဆာန်ချစ်သူတဦးက ပြောပါတယ်။

တိရစ္ဆာန်ချစ်သူတွေက အခုလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ လူထုအသိပညာပေး လှုံ့ဆော်မှုအဖြစ် “Stop Dog Fighting”၊ “Say No to Dog Fighting”၊ “No Dog Fighting” စတဲ့ hashtag တွေနဲ့ အွန်လိုင်းကနေ ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုကမ်ပိန်း ထွက်ပေါ်လာတာနဲ့အတူ တချို့ကလည်း လူသားမျိုးနွယ်စုဝင်တွေ အချင်းချင်း ထိုးသတ်ခိုင်းပြီး ဇိမ်ခံကြည့်ကြတဲ့ လက်ဝှေ့ပွဲတွေကိုလည်း ရပ်တန့်သင့်တယ်ဆိုပြီး ဝေဖန် ပြောဆိုနေတာတွေ ရှိပါတယ်။

ပြုစုထားတဲ့ စာရင်းအချက်အလက်တွေအရ ၁၈၉၀ ကနေ ၂၀၁၉ ခုနှစ်အထိ လက်ဝှေ့သမား ၁,၈၇၆ ဦးအထိ သေဆုံးခဲ့ပြီး တရားမဝင်တဲ့ မြေအောက်လက်ဝှေ့ပွဲတွေမှာ သေဆုံးတဲ့ စာရင်းက ဒီထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။

ဥပဒေအရ တိရစ္ဆာန်ကို တမင်ညှဉ်းပန်းနှိပ်စက်ရင် ငွေကျပ် ၅၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ‌၆ လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေက ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013