DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်တွင် ဟင်းစားရှာဖွေသည့်အမျိုးသား ၁ ဦး မိုင်းနင်းမိ
DVB
·
February 17, 2023
မိုးမောက်မြို့နယ်တွင် ဟင်းစားရှာဖွေသည့်အမျိုးသား ၁ ဦး မိုင်းနင်းမိ
Donate to DVB

ကချင်ပြည်နယ်၊  မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့မှာ ဟင်းစားရှာဖွေတဲ့ အမျိုးသားတယောက်  မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့ အရှေ့ဘက် အင်ဒုန်ဒဘန် (ဒေသအခေါ်)ဘက်ကို ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းက ဟင်းစားရှာဖွေ ထွက်သွားစဉ် အမျိုးသားတယောက် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရှိခဲ့တာဖြစ်ပါတယ်။

ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက “သူက အင်ဒုန်ဒဘန်ဘက်ကို ဟင်းစားရှာသွားတာ။ ညနေ ၄ နာရီလောက် မိုင်းနင်းမိပြီး ဒဏ်ရာရတယ်။ မိုင်းထိပြီး ဘယ်ဘက်ပေါင်၊ လက်မောင်း၊ နားရွက်တွေ ဒဏ်ရာရသွားတယ်။ ဒဏ်ရာတွေက ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရလို့ ဆေးကုနေရပြီ”လို့ ပြောပါတယ်။

ဟင်းစားရှာစဉ် မိုင်းနင်းမိခဲ့သူဟာ အသက် ၅၀ ခန့်ရှိ ဦးမရန်နော်ဆိုင်း ဖြစ်ပြီး ခြေထောက်၊ လက်နဲ့ နားရွက်တွေမှာ ဒဏ်ရာပြင်းထန်စွာရှိခဲ့လို့ ဆေးကုသမှုခံယူနေရတာပါ။

ဦးမရန်နော်ဆိုင်း မိုင်းနင်းမိခဲ့တဲ့နေရာ အင်ဒုန်ဘဒန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ နေရာဖြစ်လို့ ဘယ်အဖွဲ့ကထောင်တဲ့မိုင်းဆိုတာ  မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အင်ဒုန်ဘဒန်အနီးမှာ နှစ်စဉ် မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး ဒေသခံပြည်သူတွေ ဒဏ်ရာရ သေဆုံးခဲ့တာတွေ ရှိခဲ့တဲ့အတွက် ပြည်သူတွေ သွားလာခြင်းမပြုရ ကန့်သတ်နယ်မြေအဖြစ် တားမြစ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းမှာ ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၁,၃၁၃ ဦး နေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013