DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စကားဝိုင်းကျင်းပ
DVB
·
June 5, 2014
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စကားဝိုင်းကျင်းပ
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစကားဝိုင်း တခုကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းထောက်တွေအဖွဲ့ရဲ့ စီစဉ်မှုနဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ စကားဝိုင်းကို မီဒီယာလိုင်ဘရီမှာ ကျင်းပခဲ့တာပါ။

[caption id="attachment_57932" align="alignright" width="300"]DSC09905(a) စကားဝိုင်း ကျင်းပနေစဉ် (ဓာတ်ပုံ - မျိုးဇော်လင်း)[/caption]

ဒီစကားဝိုင်းတက်ရောက်ခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလူပ်ရှားသူ ဦးစည်သူလွင်က လက်ရှိမြန်မာနိုင်ငံမှာ ရေချိုရှားပါးမှုနဲ့ကြုံတွေ့နေပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကနေစပြီး လျစ်လျူရူမထားဖို့ လိုတယ်လို့ ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းကလည်း တောခုတ်ပြီး တောပြန်စိုက်ခြင်းက သဘာ၀၀န်းကျင်ကို အကျိုးမပြုဘဲ ပိုပြီးပူအောင်လုပ်နေတဲ့ သဘော ဖြစ်တယ်လို့ စကားဝိုင်းမှာ တက်ရောက်ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ၁၉၇၂ ခုနှစ် ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့မှာ ကျင်းပတဲ့ လူနဲ့ ပတ်ဝန်းကျင် ညီလာခံကနေ စတင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ရောက်တိုင်း နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့သတိပေးမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ Raise Your Voice,Not the sea level အသံတွေကို မြှင့်ကြပါ။ ပင်လယ်ရေမျက်နှာပြင်ကိုတော့ မမြင့်စေနဲ့ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျွန်းတွေကို ကမ္ဘာကြီးပူနွေးမှုကနေ အကာအကွယ် ရအောင် သတိပေးခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ စကားဝိုင်းကိုရန်ကုန်မှာ ကျင်းပခဲ့သလိုပဲ နေပြည်တော်မှာ လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013