DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မြဝတီလမ်း‌တွင် ကားခများ ဈေးထိုးတက်
DVB
·
February 16, 2023
ရန်ကုန်-မြဝတီလမ်း‌တွင် ကားခများ ဈေးထိုးတက်
1 / 5
Donate to DVB

မြန်မာနိုင်ငံရဲ့ နယ်စပ်လမ်းကြောတွေဖြစ်တဲ့ ရန်ကုန်-မြဝတီ လမ်းကြောမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကားခတွေ ထိုးတက်သွားတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ကုန်များနေတာလည်း ပါသလို မြဝတီလမ်းရဲ့ အခက်အခဲတွေကြောင့်လည်း ပါပါတယ်” လို့ မြဝတီနယ်စပ်ဘက် ကုန်တွေတင်ပို့နေတဲ့ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပို့ကုန်တင်ကားခတွေက လွန်ခဲ့တဲ့တပတ်က ရန်ကုန်-မြဝတီ ပြောင်းတအိတ်ကို ၂,၁၀၀ ကျပ် ကနေ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး ပြောင်းတအိတ်ကို ၂,၇၀၀ ကျပ်အထိ ကားခ ဈေးထိုးတက်သွားတယ်လို့ သူကပြောပါတယ်။

နောက်ထပ် ကုန်သည်တဦးကလည်း “ကားခတွေ စျေးတက်လွန်းလို့ မန်း-မြဝတီ သင်္ဘောနဲ့ပဲ တင်တယ်။ ပြောင်းတအိတ် ၁,၉၀၀ ကျပ်” လို့ ပြောပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှာ ၈၀ ရာခိုင်နှုန်း အမှန်အကန် အခွန်မဆောင်ရင်၊ မမှန်ရင် ကုန်တင်ကားမလာနဲ့လို့ ပြောထားတဲ့အတွက် အမှန်အကန် ဆောင်နိုင်တဲ့လူပဲ ကားထွက်နိုင်တာကြောင့် ကားတွေကရှားသွားတော့ ကားခတွေ ဈေးတက်သွားတာလို့ မြဝတီ နယ်စပ်က ကုန်သည်တဦးက ပြောပါတယ်။

“ကုန်သွယ်ရေးဇုန်မှာ တန်းစီနေတဲ့ကားတွေ ဂျူတီ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း အမှန်ဆောင်ရမယ်ဆိုလို့ ကားတွေက မသွားနိုင်ဘဲနဲ့ တိုင်တွေပတ်နေတာ။”

၂၀၂၁ ခုနှစ်နောက်ပိုင်း မြဝတီ နယ်စပ်လမ်းကြောဘက်မှာ မကြာခန တိုက်ပွဲဖြစ်ပွားတာကြောင့် လမ်းကြောမှာ အခက်အခဲအမျိုးမျိုး ကြုံရသလို စစ်ဆေးမှုတွေလည်း ပိုမိုတင်းကျပ်လာတာကြောင့် ကားမရှားပေမဲ့ ကားခဈေး ပိုပေးရတာမျိုးလည်းရှိကြောင်း ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013