DVB Logo
Home
Lead Story
မေလ၊ ဧပြီနှင့် နှိုင်းရင် ပြည်ပ အကူအညီ ချေးငွေ ၄ ဆ ပိုရ
DVB
·
June 5, 2014
မေလ၊ ဧပြီနှင့် နှိုင်းရင် ပြည်ပ အကူအညီ ချေးငွေ ၄ ဆ ပိုရ
Donate to DVB

dollar1ရန်ကုန်- နေပြည်တော်- မန္တလေး အဝေးပြေးလမ်း လုံခြုံမှုအတွက် အမေရိကန် နိုင်ငံရဲ့ အနကူအညီ ဒေါ်လာ ၁ သန်းခွဲ အပါအ၀င် မေလအတွင်း ပြည်ပ အကူအညီနဲ့ချေးငွေ ဒေါ်လာ သန်း ၄၇၀၊ ယူရို ၇ သန်း နဲ့ ဂျပန်ယန်း သန်း ၂၃၀ ရရှိခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချေးငွေတွေထဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ထဲက လမ်းတံတားတွေ အဆင့်မြှင့်ဖို့ တရုတ်နိုင်ငံရဲ့ ချေးငွေ ဒေါ်လာ သန်း ၃၀၀၊ ပညာရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ် အကူအညီ ဒေါ်လာ သန်း ၁၀၀၊ မြန်မာ့ငွေရေးကြေးရေး ကဏ္ဍအတွက် IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ဒေါ်လာ ၅၅ သန်း၊ ရခိုင်ပြည်နယ်က ကလေးသူငယ်တွေအတွက် UNICEF က ထောက်ပံ့ငွေ ၁၂ သန်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကတော့ ပြည်ပ အကူအညီနဲ့ ချေးငွေ ဒေါ်လာ ၁၁၅ သန်းပဲ ရတဲ့အတွက် မေလ မှာ ၄ ဆ နီးပါး တိုးတက်ရလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013