DVB Logo
Home
Lead Story
Miss Myanmar Universe ဆန်ကာတင် ၂၀ ရွေးချယ်
DVB
·
June 5, 2014
Miss Myanmar Universe ဆန်ကာတင် ၂၀ ရွေးချယ်
Donate to DVB

ရွေးချယ်ခံရရင် ပြိုင်ပွဲဝင်ခွင့်နဲ့ ကျပ် သိန်း ၁၀၀၊ ဒုတိယ ဆု ကျပ် သိန်း ၅၀ နဲ့ တတိယ ဆု ကျပ် ၂၅ သိန်းရမယ့် Miss Myanmar Universe ပြိုင်ပွဲဝင်မယ့် ဆန်ကာတင် အလှမယ် ၂၀ ရွေးချယ်ပြီးစီးပြီလို့ ပြိုင်ပွဲကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_57888" align="alignright" width="300"]ဓာတ်ပုံ - Miss Universe Myanmar ၀က်ဆိုဒ် ဓာတ်ပုံ - Miss Universe Myanmar ၀က်ဆိုဒ်[/caption]ဒီပြိုင်ပွဲအတွက် အလှမယ် စုစုပေါင်း ၁၅၀ လျောက်လွှာတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီထဲကမှ အလှမယ် ၄၀ ကို လူတွေ့စစ်ဆေးကာ အယောက် ၂၀ ရွေးချယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတကြိမ် ဆန်ကာတင် အလှမယ်တွေထဲမှာ မြို့ကြီးတွေက အလှမယ်တွေအပြင် ဝေးလံခေါင်ဖျား အရပ်ဒေသက ဓနု၊ ပအိုဝ်းနဲ အခြား တိုင်းရင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်က စပြီး ဒီအလှမယ် အယောက် ၂၀ ကို စခန်းသွင်း လေ့ကျင့်ပေးတာ၊ လေ့လာရေး ခရီးထွက်စေတာ ပြုလုပ်ပေးမယ်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့ကျရင်တော့ ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က Miss Myanmar Universe အလှမယ်ဟာ မိုးစက်ဝိုင် ဖြစ်ပြီး ရုရှားနိုင်ငံမှာ သွားရောက် ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013