DVB Logo
Home
Lead Story
သမ္မတတာဝန် ဆက်ထမ်းရွက်ဖို့ ဦးသိန်းစိန်ကို ကေအဲန်ယူ တိုက်တွန်း
DVB
·
June 4, 2014
သမ္မတတာဝန် ဆက်ထမ်းရွက်ဖို့  ဦးသိန်းစိန်ကို  ကေအဲန်ယူ တိုက်တွန်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နောင်သမ္မတသက်တမ်းမှာ ဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

[caption id="attachment_57865" align="alignleft" width="300"]KNU Meet President U Thein Sein သမ္မတနဲ့ KNU နေပြည်တော်မှာ တွေ့ဆုံ (ဓာတ်ပုံ - ဦးလှမောင်ရွှေ)[/caption]

ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဟာ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားစီ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအ၀င် ၁၀ ဦးခန်းက တက်ရောက်ခဲ့ပါတယ်။ ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၂ ရက်နေ့က ကေအဲန်ယူ ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ နေပြည်တော် ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြား ဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013