DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ၃၂၀ ကျော် ဖြစ်ပွား
DVB
·
February 12, 2023
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ၃၂၀ ကျော် ဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီ ၂၀၂၁ ခုနစ်မှ ဇန်နဝါရီ ၂၀၂၃ ခုနစ်အထိ တိုက်ပွဲပေါင်း ၃၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီအခြေစိုက် Southern Monitorရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲတွေဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်မှာ တော့ ဖြစ်စဉ်အရေအတွက် နည်းပါးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Southern Monitor ပြန်ကြားရေးတာဝန်ခံက “အဲဒီလို ထုတ်ပြန်ရခြင်းဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်ပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကို လအလိုက်နှိုင်းယှဉ်ကြည့်ရင် ၂၀၂၂ ခုနစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တိုက်ပွဲ အရေအတွက်အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ ဇန်နဝါရီလထဲမှာတော့ တိုက်ပွဲ ဖြစ်စဉ် ၃၃ကြိမ်ရှိခဲ့တယ်လို့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တဦးက  “တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးပစ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးတဲ့ ၃၇ မြို့နယ်ထဲမှာ ပါဝင်ပြီး ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တနင်္သာရီဒေသတခုလုံးအတွင်း စစ်ဘေးရှောင် ၇၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013