DVB Logo
Home
မြန်မာသတင်း
အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြမ်းတွင် ကန့်သတ်ချက်များ ပါနေ
DVB
·
June 4, 2014
အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြမ်းတွင် ကန့်သတ်ချက်များ ပါနေ
Donate to DVB

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ လွတ်လပ်စွာလှုပ်ရှားမှုကို ကန့်သတ်ချက်တွေ ပါဝင်နေသေးတယ်လို့ အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်တွေက ပြောပါတယ်။

unnamedအမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့မယ်ဆိုရင် နိုင်ငံတော် သမ္မတရုံးကို အကြံပြုချက်တွေ ဆက်တင်ပြသွားမယ်လို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့််ခွဲမှုကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေကြမ်းကော်မတီမှာလည်း ဆောင်ရွက်ရာမှာ ကန့်သတ်မှုတွေရှိနေတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုစိုးထွန်းက ပြောပါတယ်။

“ပြည်ထဲရေးနဲ့ ညှိရတဲ့ ကိစ္စတွေ ရှိတယ်။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက သူတို့ဘက်ကလည်း နိုင်သလောက် အစွမ်းကုန်ကြိုးစားတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြတယ်။ ကျနော်တို့ ထပ်ပြီးတော့ ညှိရတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့်လည်း သမ္မတရုံးကတဆင့် ထပ်ပြီးကြိုးစားဖို့အတွက်ကို ၀ိုင်းပြီး စဉ်းစားဆုံးဖြတ်ကြတာပါ။ လွှတ်တော်ထဲကလည်း အစွမ်းကုန် အဆင့်ဆင့်ကြိုးစားခဲ့ပြီးပါပြီ။”

ဒီဥပဒေကြမ်းကို စပြီးထုတ်ပြန်တုန်းက အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းဆိုပြီး ပြစ်မှု၊ ပြစ်ဒဏ်တွေ ပါဝင်ခဲ့ပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးနောက်မှာ အဲဒီပြစ်ဒဏ်တွေကို ဖြုတ်ပစ်ပြီး အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းလို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဥပဒေကြမ်းမှာတော့ မိမိဆန္ဒအလျောက် မှတ်ပုံတင်တာကို ဆန့်ကျင်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ မြို့နယ်မှာ မှတ်ပုံတင်တဲ့အဖွဲ့ဟာ ပြည်နယ်အတိုင်းအတာမှာ လုပ်ခွင့်မရှိဘူး ဆိုတဲ့ ကန့်သတ်ချက် စတာတွေ ပါနေသေးတာ ဖြစ်ပါတယ်။

ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ဒီကန့််သတ်ချက်တွေအပေါ် ဒီဗွီဘီကို အခုလို ပြောပါတယ်။

“လူမှုရေးဥပဒေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းဥပဒေ၊ ပရဟိတဥပဒေဆိုတာ မြတ်စွာဘုရားကို အချုပ်အနှောင်ချတာနဲ့ တူတူပဲ။ မြတ်စွာဘုရားက ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုဖို့ ပြောထားတယ်။ လူသားဆိုရင် လူသားပီပီနဲ့ လူအချင်းချင်း ကူညီရတာ။ ဘယ်အရပ်ဒေသမှာရှိတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ ဘာသာဝင် ဘယ်လူမျိုးကိုဖြစ်ဖြစ် ကူညီခွင့်ရှိတယ်။ ဒီလူမှုရေးဥပဒေဆိုတာ
ကိုယ်ချင်းစာနာစိတ်ကလေးတွေနဲ့ ရေးဆွဲဖို့ အရေးကြီးတယ်။ ကျနော်တို့က လုပ်စရာရှိတာ လုပ်မှာပဲ။”

ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပြီးတဲ့နောက် ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ ခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013