
အစိုးရသစ် လက်ထက် ဖြေလျော့မှုပေးလာတဲ့နောက်ပိုင်း တရားဝင် ရာဘာပြည်ပတင်ပို့ မှု လျော့ကျ လာတယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ပြောပါတယ်။
မြန်မာ့ရာဘာ နှစ်စဉ်တန်ချိန် ၉ သောင်းကျော် တင်ပို့နေရာကနေ ဖြေလျော့မှုပေးလာတဲ့နောက်ပိုင်း ရာဘာပြည်ပတင်ပို့မူ ၁ သောင်းလောက် လျော့ကျလာတာပါ။
ရာဘာစိုက်ဧကနဲ့ ထုတ်လုပ်ဧကတွေ တိုးတက်လာပေမယ့် နှစ်စဉ်တင်ပို့မူက ဖြေလျော့မှုလုပ်ပြီးကတည်းက လျော့ကျလာတာလို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
ရာဘာပြည်ပတင်ပို့မှု လျာ့ကျလာတာဟာ တရားမ၀င်တင်ပို့မှုတွေ ရှိလာတာကြောင့် ဖြစ်ပြီး တရားင်မှန်မှန်ကန်ကန်လုပ်တဲ့ ကုမ္ပဏီတွေပါ ထိခိုက်မူရှိလာတယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။
မြန်မာနိုင်င်ငံက ထွက်တဲ့ရာဘာတွေ တရုတ်နယ်စပ်ကနေ တရားမ၀င်တင်ပို့ မူရှိနေပြီး တန်ချိန်တော်တော်များများ ပျောက်ဆုံးမှုတွေရှိနေတယ်လို့လည်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ကပြောပါတယ်။
မြန်မာ့ရာဘာတွေကို ပြည်ပဈေးကွက်အနေနဲ့ ပြည်တွင်းထွက်ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံဆီ အများဆုံးတင်ပို့ပြီး ၃၀ ရာခိုင်နှုန်းက စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေဆီ တင်ပို့နေတာ ဖြစ်ပါတယ်။
ရာဘာဈေးကတော့ (RSS-3) အဆင့်ရှိတဲ့ ရာဘာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၂၂၀၀ လောက် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ရာဘာ အဓိက စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပြီး ပြည်တွင်းမှာ ရာဘာစိုက်ပျိုးထားရှိတဲ့ ဧက ၁၄ သိန်း ၃ သောင်းကျော် ရှိပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်











