DVB Logo
Home
မြန်မာသတင်း
စက်ယန္တရားကြီးများသုံးပြီး ရွှေတူးနေသဖြင့် အင်းတော်ကြီးအိုင်အနီး ဧက ၁၀၀ ကျော် တိမ်ကောလာ
DVB
·
February 12, 2023
စက်ယန္တရားကြီးများသုံးပြီး ရွှေတူးနေသဖြင့် အင်းတော်ကြီးအိုင်အနီး ဧက ၁၀၀ ကျော် တိမ်ကောလာ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အတွင်းကို စီးဆင်းနေတဲ့ ခေါင်းတုန်းချောင်း တလျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ရွှေတူးဖော်နေတာကြာင့် အင်းတော်ကြီးအိုင် အနီးဝန်းကျင်မှာ ဧက ၁၀၀ ကျော် တိမ်ကောလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မမုန်ကိုင်ကျေးရွာနဲ့ မိုင်းနောင်ကျေးရွာတွေမှာ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

"စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်လုပ်ငန်းတွေ အတော်များလာတယ်။ မိုင်းနောင်၊ မမုန်ကိုင် ကျေးရွာတလျှောက်မှာ စက်ယန္တရားတွေနဲ့ ရွှေကို အကြီးအကျယ်တူးတာ။ ရွှေတူးတော့ နွံတွေ ထွက်လာပြီး  ခေါင်းတုန်းချောင်းကနေ အင်းထဲကို ဝင်တယ်။ ခုဆို အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်မှာ နွံတွေနဲ့ တိမ်ကောလာတာ ဧက ၁၀၀ ကျော်လောက်ရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အင်းတော်ကြီးအိုင်အတွင်း စီးဝင်နေတဲ့ ခေါင်းတုန်းချောင်းအနီးမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ အများအပြား လုပ်ကိုင်ခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတာပါ။

အင်းတော်ကြီးသစ်တောဦးစီးဌာန ဝန်ထမ်းတဦးက "ရွှေတူးတဲ့သူတွေကလည်း အရမ်းများလာတယ်။ အင်းတိမ်ကောလာတာကတော့ ရွှေတူးဖော်ရေးလုပ်ငန်းက ထွက်တဲ့ နွံတွေကြောင့် ရေကြောင်းပြောင်းလဲမှုတွေ ဖြစ်လာတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်လာတယ်။ ခေါင်းတုန်းချောင်းတလျှောက်မှာဆို ဘာအပင်မှ စိုက်ပျိုးလို့ မရတော့ဘူး။ ကန္တာရ ဆူးပင်လေးတွေပဲပေါက်တော့တယ်" လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်းတုန်းချောင်း တလျှောက်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ အများအပြားပြုလုပ်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကစပြီး ရွှေလုပ်ကွက် ရှားပါးလာတာကြောင့် နန့်ရင်းခါချောင်းပတ်ဝန်းကျင်ကို ပြောင်းရွှေ့ကာ ဆက်လက်တူးဖော်နေကြတာပါ။

“စက်ယန္တရားကြီးတွေနဲ့  တူးဖော်နေတော့ ရွှေလုပ်ကွက်က မရှိတော့ဘူး။ ရွှေလုပ်ကွက်မရှိတော့လို့ တူးတဲ့သူ နည်းသွားတဲ့ အချိန်မှာ လာဖမ်းတယ်။ အဖမ်းအဆီးလည်းရှိ ရွှေလုပ်ကွက်ကလည်း နည်းလာတော့ မမုန်ကိုင်နားမှာ ရွှေတူးတဲ့သူနည်းသွားတယ်။ အခု နန့်ရင်းခါချောင်းနားမှာ ဆက်တူးနေကြတာပါပဲ” လို့ အင်းတော်ကြီးဒေသခံတဦးက ပြောပါတယ်။

အင်းတော်ကြီးအိုင်ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး ၈၁၄.၉၉ ကီလိုမီတာ ကျယ်ဝန်းကာ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အာဆီယံ အမွေအနှစ် ဥယျဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013