DVB Logo
Home
မြန်မာသတင်း
ပင်လုံညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် ကယန်းပါတီ တိုက်တွန်း
DVB
·
June 4, 2014
ပင်လုံညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် ကယန်းပါတီ တိုက်တွန်း
Donate to DVB

ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ညီလာခံကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ ကယန်းပြည်သစ်ပါတီက တိုက်တွန်းလိုက်ပါတယ်။

[caption id="attachment_57847" align="alignright" width="300"]ဓာတ်ပုံ - Sein Win ဓာတ်ပုံ - Sein Win[/caption]ဒီကနေ့ ဇွန် ၄ ရက်နေ့မှာ ကျင်းပတဲ့ ကယန်းပြည်သစ်ပါတီ နှစ် ၅၀ ပြည့် အခမ်းအနားမှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပေမယ့်လည်း စစ်အာဏာရှင်စနစ် တည်ရှိနေဆဲဖြစ်ပြီး နိုင်ငံငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အသစ်ပြန်ရေးဖို့ လိုအပ်တယ်လို့ ပါတီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလွင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် အကောင်အထည်ဖော်ဖို့ အရေးတကြီးလိုအပ်ကြောင်း ပါတီသဘောထားကို ထုတ်ပြန်တိုက်တွန်းတယ်လို့ ဆိုပါတယ်။

အခမ်းအနားတက်ရောက်သူ ကယန်းပြည်သူတွေကိုလည်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် တညီတညွတ်တည်း လက်တွဲကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ် သန်းစိုးနိုင်ကလည်း ကယန်းပြည်သစ်ပါတီဟာ ခေါင်းဆောင်တဦး၊ အဖွဲ့အစည်း တခုခုကနေ စတင်ပေါ်ပေါက်လာတာမဟုတ်ဘဲ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို မခံမရပ်နိုင်တဲ့ သာမန်အရပ်သား ကယန်းပြည်သူတွေကနေ လက်နက်စွဲကိုင် တော်လှန်ခဲ့တာ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၀ လက်နက်ကိုင်စွဲပြီး နှစ်ပေါင်း ၂၀ နိုင်ငံရေးနည်းနဲ့ တော်လှန်ပေမယ့် စစ်အာဏာရှင်စနစ် ရှင်သန်နေဆဲဖို့ ဆက်လက်တော်လှန် ဖို့ ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာမှာ ဒီကနေ့ မနက်က ကျင်းပခဲ့တဲ့ ကယန်းပါတီရွှေရတု အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ ဒီမိုကရေစီအင်အားစု၊ လူမှုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်နဲ့ ဒေသခံ စုစုပေါင်း ၂၀၀၀ ကျာ် တက်ရောက်ခဲ့ပါတယ်။

ကယန်းပြည်သစ်ပါတီကို ငြိမ်းကယန်းထန် ခေါ် ဦးရွှေအေး ဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013