DVB Logo
Home
မြန်မာသတင်း
ရွှေဘိုနှင့် ကန့်ဘလူတို့မြို့နယ်တွင် တိုက်ပွဲဖြစ်
DVB
·
February 11, 2023
ရွှေဘိုနှင့် ကန့်ဘလူတို့မြို့နယ်တွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာမှာ စခန်းချနေတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲကနေ ၁ နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကန့်ဘလူ MBS U18 အဖွဲ့ခေါင်းဆောင် ဗိုလ်ရပက “အစပိုင်းကတော့ သူပစ် ကိုယ်ပစ်ပဲ။ တိုက်ပွဲကြာလာတော့ ဒီကောင်တွေဘက်က ၂ ဦး ကျည်ထိသွားတယ်။ သူတိုဘက်က ဒဏ်ရာရသွားတော့ တပ် နောက်ဆုတ်သွားတယ်။ တပ်နောက်ဆုတ်တာကို အခွင့်ကောင်းယူပြီး ကျနော်တို့ အဖွဲ့တွေ ရွာထဲအထိ ဝင်ပစ်ပြီး စခန်းသိမ်းတယ်။ အဲဒီနောက် ရန်သူကင်းစခန်းတွေရယ်၊ စစ်ကောင်စီအုပ်ချုပ်ရေးမှူးအိမ်နဲ့ ပျူစောထီးအမာခံအိမ်တွေကို မီးရှို့ခဲ့တယ်။ စခန်းသိမ်းရှင်းလင်းရင်း ၉ လုံးကျည် ၇ တောင့်၊ ကာဗိုင် ၁၅ တောင့်နဲ့ တခြားအမျိုးစားကျည် ၁၈ တောင့်ကို သိမ်းခဲတယ်”လို့ ဆိုပါတယ်။

အခုပျူစခန်းကို ကန့်ဘလူ MBS U18 အဖွဲ့နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲတာလို့ သိရပါတယ်။

ရွှေဘိုမြို့နယ်အရှေ့ခြမ်းက ပျူစောထီးရွာဖြစ်တဲ့ မခေါက်နဲ့ ဟင်္သာကြီးရွာက ပျုစောထီးနဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံမဟာမိတ်ကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၉ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမခေါက်ကျေးရွာနဲ့ နယ်နိမိတ်ထိစပ်တဲ့ ကုလားမကျေးရွာ၊ လက်ကောက်ကျကျေးရွာက ဘုန်းတော်ကျောင်းအပါဝင် ပြည်သူပိုင်နေအိမ်တွေ၊ ပြည်သူပိုင် ကြံစိုက်ခင်းတွေကို မီးရှို့ ဖျက်ဆီး နေတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ကလည်း ပြန်လည် ပစ်ခတ်တာကြောင့် တိုက်ပွဲ ၁ နာရီခွဲကျော်  ကြာမြင့်ခဲ့တာပါ။

Brave Brothers ရဲရင့်သောညီနောင်များတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ကုလေးက “သူတပြန် ကိုယ်တပြန်ပစ်နေတာပါပဲ။ တိုက်ပွဲကတော့ တော်တော်ကြာသွားတယ်။ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်နေကြတာ။ သူတို့ဘက်ကတော့ အထိခိုက်ရှိဖို့ များတယ်။ မဟာမိတ်တပ်တွေကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တာပါ” လို့ ဆိုပါတယ်။

အခုမီးရှို့ခံရတဲ့ ကုလားမနဲ့ လက်ကောက်ကျကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာ တနှစ်ခွဲနီးပါးရှိနေပြီဖြစ်ပြီး တောင်ယာလုပ်ငန်းတွေလည်း ဘာတခုမှ လုပ်ကိုင်နိုင်တာမျိုး မရှိဘဲ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက ရွာကို မီးရှို့တာလည်း ၄ ကြိမ် ထက် မနည်း ရှိနေခဲ့ပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013