DVB Logo
Home
မြန်မာသတင်း
မန္တလေး ချမ်းမြသာစည်တွင် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၅ ဦး ဒဏ်ရာရ
DVB
·
February 11, 2023
မန္တလေး ချမ်းမြသာစည်တွင်  ရဲနှင့် စစ်သား  တိုက်ခိုက်ခံရပြီး  ၅ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈လမ်းရှိ မန္တလာသီရိအားကစားကွင်းအရှေ့ဘက်က ရဲကင်း ဖေ​ဖော်ဝါရီ ၁၀ ရက် နေ့လယ်က​ လက်ပစ်ဗုံး နဲ့ တိုက်ခိုက်ခံရပြီး ၄ ယောက်  ဒဏ်ရာရခဲ့ တယ်လို့ အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။ 

ရဲကင်းထဲ လက်ပစ်ဗုံး​ပေါက်ကွဲတာကြောင့် ဗိုလ်တယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရ ခဲ့တယ်လို့  သိရပါတယ်။

အနီးနားရပ်ကွက်နေ ဒေသခံတဦးက "ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ထိတဲ့သူတွေကို မန္တလေးဆေးရုံကို ပို့ထားတယ်"လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉  ရက်က ချမ်းမြသာစည်မြို့နယ် ရွှေတချောင်းလမ်း၊ သံတောင်ရုံးကို ပစ်ခတ် တိုက်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ အမှုလိုက် ရှေ့နေ ကိုသန်းထွန်းအောင်၊ စာချုပ်ရှေ့နေ မယဥ်မာဝင်း၊ ရိုးရိုးရှေ့နေ ကိုဝင်းကျော်စိုးကို စစ်ကောင်စီတပ်က PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013