DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အတွက် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ ဌာပနာပိတ် (ဓာတ်ပုံ)
DVB
·
February 11, 2023
နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အတွက် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ ဌာပနာပိတ် (ဓာတ်ပုံ)
1 / 14
Donate to DVB

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ တည်ထားကိုးကွယ်မယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အတွက် နိုင်ငံတဝန်းရှိ ပြည်သူတွေလှူဒါန်းထားတဲ့ ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံတကာမှ ငွေဒင်္ဂါးပြားတွေ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားတွေကို  ဖေဖော်ဝါရီ ၁၀ ရက်မနက်က ရုပ်ပွားတော်ရဲ့ ပလ္လင်ထက် အလယ်ဗဟိုမှာ ဌာပနာသွင်းလှူ ပူဇော်ခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ပြည်သူတွေဆီက ငွေကျပ် သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်ရဲ့ ဘူမိဖဿမုဒြာဟန်နဲ့ ထုဆစ်ပူဇော်သွားမှာဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေရှိမှာဖြစ်လို့  တည်ထားကိုးကွယ်ပြီးစီးပါက ကမ္ဘာ့အကြီးဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီး ဖြစ်လာမယ်လို့ ဆိုပါတယ်။

Photo-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013