DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ NUG အခြေခံပညာ ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 10, 2023
ခင်ဦးမြို့နယ်၌ NUG အခြေခံပညာ ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် ကျင်းပ (ဓာတ်ပုံ)
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၉ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော် ကျင်းပခဲ့တယ်လို့ ပညာရေးစုမှူးတဦးက ပြောပါတယ်။

အဲဒီစုံညီပွဲမှာ အားကစားပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပြီး ဆုချီးမြှင့်တာ၊ ဆရာ ဆရာမတွေကို ပူဇော်ကန်တော့တာနဲ့ ရိုးရာအကအလှတွေနဲ့ ကျောင်းသားကျောင်းသူတွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပညာရေး မိသားစုတွေ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြတယ်လို့ ကာကွယ်ရေးရဲဘော်တဦးက ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ ကြားကာလ ပညာသင်ကြားရေး NUG အစိုးရကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ ၂၀,၀၀၀ ကျော်ကို ပညာရေးဝန်ထမ်း ၁,၀၀၀ ကျော်နဲ့ သင်ကြားပေးနေတာဖြစ်ကာ ၂၀၂၂-၂၃ ပညာသင်နှစ် ပြီးဆုံးတော့မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013