DVB Logo
Home
မြန်မာသတင်း
“ဒရုန်းနဲ့ ပျံကြုံး ၂၃” ပရောဂျက် ၅ ရက်အတွင်း ရာနှုန်းပြည့်အောင်မြင်
DVB
·
February 10, 2023
“ဒရုန်းနဲ့ ပျံကြုံး ၂၃” ပရောဂျက် ၅ ရက်အတွင်း ရာနှုန်းပြည့်အောင်မြင်
Donate to DVB

ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Anyar Defense Force ရွှေဘိုမြို့နယ် တပ်ရင်း-၉ အနေနဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေတဲ့အတွက် “ဒရုန်းနဲ့ ပျံကြုံး ၂၃” ပရောဂျက်ကို ဇန်နဝါရီ ၂၅ ရက်က စတင်ပြုလုပ်ခဲ့ပြီး ကန်ပိန်းစတင်တဲ့ ၅ ရက်အတွင်းမှာပဲ လက်မှတ်တွေ အကုန်ရောင်းချခဲ့ရကာ ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ Anyar Defense Force အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ပရောဂျက်အနေနဲ့ ဒရုန်းဝယ်ယူဖို့ ကဲစမ်းမဲလက်မှတ် တစောင်ကို ၁၀,၀၀၀ နှုန်းနဲ့ အစောင်ရေ ၃,၀၀၀ ကို ဇန်နဝါရီ ၂၅ ရက်ကနေ မတ်လ ၂၅ ရက်နေ့အထိ ၂ လအတွင်း ရောင်းချမယ်လို့ စီစဉ်ထားပေမဲ့ မထင်မှတ်ဘဲ ၅ ရက်အတွင်း လက်မှတ်တွေ အကုန်ရောင်းချနိုင်ခဲ့တဲ့အတွက် ရဲဘော်တွေအားလုံးလည်း အားတက်ဝမ်းသာရတယ်လို့ ဆိုပါတယ်။

အဲဒီ ကံစမ်းမဲလက်မှတ် ဝယ်ယူသူတွေအနေနဲ့ မေတ္တာလက်ဆောင်အဖြစ် စာရေးဆရာ ရေအေးရဲ့ ၂၀၁၇ ခုနှစ်က ဝတ္ထုတိုဆုအဖြစ် ရရှိခဲ့တဲ့ ရွှေရင်ထိုး အပါအဝင် ပန်းချီဆရာ Paul ရဲ့ အနုပညာပန်းချီကားများကိုလည်း မဲစနစ်နဲ့ ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

မဲလက်မှတ်ရောင်းရငွေတွေကို စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူအသုံးပြုမှာ ဖြစ်တယ်လို့လည်း ADF တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ မြင်းပေါက်ရွာနဲ့ ကုန်းသာရွာအနီး တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ခန့် သေဆုံးပြီး ADF ဘက်ကလည်း ဒုတပ်ရင်းမှူး ကိုဇင်အောင် အပါအဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ADF အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013