DVB Logo
Home
မြန်မာသတင်း
သီလ၀ါဒေသ လူမှုဘ၀ဖွံ့ဖြိုးမှု ကော်မတီ ဂျိုက်ကာနှင့် တွေ့ဆုံ
DVB
·
June 4, 2014
သီလ၀ါဒေသ  လူမှုဘ၀ဖွံ့ဖြိုးမှု ကော်မတီ ဂျိုက်ကာနှင့် တွေ့ဆုံ
1 / 3
Donate to DVB

သီလ၀ါဒေသ လူမှုဘ၀ဖွံ့ဖြိုးမှုအဖွဲ့ ဦးဆောင်ကော်မတီက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)ရုံးချုပ်မှာ တာဝန်ရှိသူတွေနဲ့ ဇွန် ၂ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ဂျိုက်ကာရုံးခွဲမှာ လက်ခံ တွေ့ဆုံခြင်း မရှိလို့ လယ်သမားကြီး ဦးမြလှိုင် ခေါင်းဆောင်တဲ့ သီလ၀ါဒေသ လူမှုဘ၀ ဖွံ့ဖြိုးမှုအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ၃ ဦး ဂျပန်နိုင်ငံ အထိ သွားရောက်ခဲ့ကြတာပါ။

ဦးမြလှိုင်၊ ဒေါ်စံရှားတင်၊ ဦးခိုင်ဝင်းတို့ဟာ သီလ၀ါအထူးစီမံကိန်းဒေသမှာ ဒေသခံတွေရဲ့ အခြေအနေတွေကို ရန်ကုန်မြို့က ဂျိုက်ကာရုံးကို စာ ၇ စောင် ပို့ပေမယ့် အကြောင်းမပြန်လို့ အခုလို ဂျပန်နိုင်ငံအထိ သွားရောက်ပြီး သီလ၀ါဒေသခံတွေရဲ့ လက်ရှိ အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဌာနခွဲတခုဖြစ်တဲ့ ဂျိုက်ကာသာမက ဂျပန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံကာ သတင်းရှင်းလင်းပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အလားတူ ပြဿနာမျိုးတွေကို ဂျပန်နိုင်ငံအတွင်း ဂျပန်အစိုးရရဲ့ ဖြေရှင်း ဆောင်ရွက်ပုံတွေကိုလည်း ဂျပန်ရောက်ရှိစဉ် နိုင်ငံအနှံ့ လိုက်လံလေ့လာဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ ဂျပန်နိုင်ငံအခြေစိုက် မဲခေါင်ဝပ်ချ မဲခေါင်ဒေသစောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။
[gallery ids="57817,57818,57819"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013