
မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန လက်အောက်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်ဟာ ငါး ပုစွန်မွေးမြူရေး လုပ်ငန်းရှင်တွေကို ကျပ်ငွေ ၅ ဘီလီယံ ထုတ်ချေးပေးမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။
ဇွန်လ ၃ ရက် အင်းစိန် ကြို့ကုန်း ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ အင်္ဂါနေ့ အပတ်စဉ် အစည်းအဝေးမှာ ကြေညာလိုက်တာဖြစ်ပြီး အခု ဇွန်လအတွင်း ပထမအဆင့် ကျပ်ငွေ ၁ ဘီလီယံခွဲ အရင်ထုတ်ချေးပေးမယ်လို့ ဆိုပါတယ်။
ချေးငွေယူလိုသူတွေ အနေနဲ့ နှစ်ယောက်ကနေ ၈ ယောက်အထိ ပါတဲ့ အသင်းစုလေးတွေ ဖွဲ့ရမှာဖြစ်ပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ ရွေးချယ်ချေးပေးသွားမယ်လို့ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။
လောလောဆယ် ငါးပုစွန် မွေးမြူရေးကန် ၁ ဧကကို ကျပ် ၇ သိန်းခွဲနှုန်း သတ်မှတ်ထားတယ်လို့ သူက ရှင်းပြပါတယ်။











